Under the Queen's Umbrella (2022) ခေါင်းစဥ်အတိုင်း သားသမီးအတွက် မိခင်တယောက်ရဲ့မေတ္တာအရိပ်အာဝါသအကြောင်း ဖော်ကြူးထားတဲ့ နန်းတွင်းဇာတ်ကားကောင်းပါ မင်းသမီးကြီး Kim Hye Soo နဲ့ ဇာတ်အိမ်အခိုင်အမာတည်ဆောက်ထားတဲ့ကားပါ ဇာတ်လမ်းအကျဥ်းကတော့ တော်ဝင်မိသားစုကို ခေါင်းကိုက်ရုံအပြင် အရည်အချင်းမရှိတဲ့ ပြသနာအိုးမင်းသားတွေရဲ့ မိခင်ဟာ လက်ရှိဘုရင်ရဲ့ မိဖုရားခေါင်ကြီးပဲဖြစ်ပါတယ် မိဖုရားခေါင်ကြီးဟာ သူ့ပြသနာအိုးသားတွေကြား ကျက်သရေနဲ့ တည်တည်ငြိမ်ငြိမ်နေရမယ့်အစား အမြဲ ထိလွယ်ရှလွယ်ပြီး စိတ်တိုနေတဲ့သူပေါ့ အခြားမိဖုရားတွေနဲ့အပြိုင်အဆိုင် နန်းတွင်းအရှုပ်တော်ပုံတွေကြား သားတော်တွေကို ကာကွယ်ဖို့ ရှေ့က မားမားမတ်မတ်ရပ်တည်ပေးမယ့် မိခင်တယောက်အကြောင်း ဖော်ကျူးထားတဲ့ နန်းတွင်းဇာတ်လမ်းကောင်းတကားပါ မင်းသားငယ်လေးတွေတပုံကြီးနဲ့ အဆင်တသိုက်ကိုလဲ တဝကြီး ကြည့်ရမှာပါ လက်ရှိပြသနေတဲ့ Cheer Up ကားထဲက မင်းသားပါ ဧည့်သရုပ်ဆောင်အဖြစ်ပါဝင်ထားပါသေးတယ် အကြာကြီးနေမှ လာတဲ့ နန်းတွင်းကားလေးမို့ နန်းတွင်းကားကြိုက်တဲ့သူတွေ ကြည့်ဖြစ်အောင်ကြည့်ရမယ့်ဇာတ်လမ်းတွဲလေးပါပဲနော် အပါတ်စဥ် စနေ တနင်္ဂနွေနေ့တွေတိုင်း KyiMal.TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ Reviewed by Evelyn
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။
- Genre: Comedy, Drama
- Stars: Choi Won-young, Kang Chan-hee, Kim Eui-sung, Kim Ga-eun, Kim Hae-sook, Kim Hye-soo, Moon Sang-min, Ok Ja-yeon, Seo Yi-sook, Woo Jung-won
- Duration: 73 min
Comment