The Secret Romantic Guesthouse (2023) အခုတစ်ခါမိတ်ဆက်ပေးမဲ့ ကားလေးကတော့ The Glory ဇာတ်ကားထဲက ဘတ်ယွန်းဂျင် ငယ်ဘဝရဲ့ ဗိလိန်ဇာတ်ရုပ်ကို တကယ့်ကိုမှပီပြင်စွာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး (Shin Ye Eun)ရဲ့ နန်းတွင်းကားသစ်လေး ဖြစ်ပါတယ်၊ မတူတဲ့ခေတ်အပြင်အဆင်နဲ့ မတူညီတဲ့ ဇာတ်ကောင်ကိုလည်း ဘယ်လိုမျိုး ပညာသားပါပါ သရုပ်ဆောင်ဦးမလဲဆိုတာကို စောင့်ကြည့်သင့်တဲ့ကားလေးပေါ့နော် ပြီးတော့ ဇာတ်ဆောင်မင်းသားတွေကလည်း တကယ့် နာမည်ကြီးဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားတဲ့သူတွေဖြစ်တာကြောင့် စောင့်မျှော်ကြည့်ရှုဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ချမ်းသာတဲ့မိသားစု အသိုင်းအဝိုင်းမှ သမီးအငယ်ဆုံးလေးဖြစ်တဲ့အပြင် အပူအပင်ဆိုတာ ဘာမှန်းမသိအောင် ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ ယွန်းဒန်အို ၊ လောကမှဘယ်အရာမဆို မတည်မြဲခြင်းတရားရှိစမြဲဆိုတော့ ချမ်းသာသောဘဝမှ ရုတ်တရက်အလှည့်အပြောင်းကြုံလာရာက မိသားစုစာဝတ်နေရေးအတွက် အီဟွာဝမ် ဧည့်ရိပ်သာကို ဖွင့်ဖို့ရာဖြစ်လာပါတော့တယ်၊ လာရောက်တည်းခိုတဲ့သူတွေကလည်း နိုင်ငံတော်ရဲ့ အဆင်မြင့်ရာထူးဝန် စာမေးပွဲကို ဖြေဖို့အတွက် ပြင်ဆင်နေသူတွေဖြစ်ကြပါတယ်၊တည်းခိုသူတွေထဲကမှ ဂန်ဆန်း၊ ဂင်ရှီယောလ်နဲ့ ဂျန်ယူဟာတို့ဟာ လှိုဝှက်ချက်ကိုယ်စီရှိကြပြီး လွန်ခဲ့သော (၁၃)နှစ်က ဖြစ်ပျက်ခဲ့သောအမှုကိစ္စကို လေးယောက်အတူပြန်လည်စုံစမ်းရင် ဘယ်လိုအခက်အခဲအလွဲလေးတွေ တွေ့ကြုံရမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမဲ့ ကားလေးတစ်ကားဖြစ်ပါတယ်။ ဒီကားလေးကတော့ အပိုင်း(၁၈) ပိုင်းပါဝင်မှာဖြစ်ပြီး အပတ်စဉ် တင်္နလာနဲ့ အင်္ဂါနေ့များမှာ Kyimal.Tv ကနေ စောင့်မျှော်ကြည့်ရှုလို့ရပါပြီနော်။ Reviewed by DiLay
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။
- Genre: Drama
- Stars: Han Chae-ah, Jung Gun-joo, Kang Hoon, Ryeoun, Shin Ye-eun
- Duration: 60 min
Comment