Heavenly Idol (2023) အခုတစ်ခါ kyimal fan လေးတွေအတွက် မိတ်ဆက်ပေးမဲ့ ကားသစ်လေးကတော့ Business Proposal တို့ Snowdrop ဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားခဲ့တဲ့ မင်းသား(Kim Min Gue)ရဲ့ ကားသစ်လေးအကြောင်းကို ပြောပြချင်ပါတယ်။ ဇာတ်လမ်းအကြောင်းအရာလေးကတော့........ စွမ်းအားအကြီးဆုံးစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ သန့်စင်တဲ့နတ်ဘုရားတပါးဟာ မာရ်နတ်ကို တွန်းလှန်ရင်း တခြားသော ကမ္ဘာတစ်ခုကို ပြောင်းရွှေ့ခြင်းခံလိုက်ရပါတယ် ပြောင်းရွှေ့ခံရတဲ့ကမ္ဘာမှာနေထိုင်ဖို့ ခန္ဓာကိုယ်ရှာရင်း နာမည်မရှိ လူသိနည်းတဲ့ idol အဖွဲ့ တစ်ဖွဲ့က အဖွဲ့ဝင်ကောင်လေးကိုယ်ထဲမှာ နေထိုင်ဖို့ဖြစ်လာပါတော့တယ်။ ဒီကောင်လေးအဖွဲ့ကလည်း ၃ နှစ်ကြာလက်တွဲလာပေမဲ့ အောင်မြင်မှုမရသေးတာကြောင့် အဖွဲပျက်လုနီးနီးဖြစ်နေချိန်မှာ idol ကောင်လေးရဲ့ ကိုယ်ထဲရောက်နေတဲ့ နတ်ဘုရားရဲ့ မထင်မှတ်ထားသော အပြုအမှုတွေကြောင့် သူတို့အဖွဲ့ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ အသည်းတယားယားနဲ့ ကြည့်ရမဲ့ ကားလေးဖြစ်ပါတယ်။ နတ်ဘုရားတပါး လူရဲ့ခန္ဓာကိုယ်ကို ပူးကပ်ပြီးနောက် ဘာတွေဖြစ်လာမလဲ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ ပြောင်းရွှေ့ခံလိုက်ရတဲ့လောကမှာတော့ မကောင်းဆိုးဝါးတွေနဲ့ ရင်ဆိုင်ရဦးမှာလား ............ idol ဟာသဇာတ်မြူးလေးဖြစ်တာကြောင့် kyimal fan လေးတွေ အကြိုက်တွေမဲ့ ကားလေးဖြစ်မှာ အသေအချာပဲပေါ့နော် ဒီကားလေးကိုတော့ အပတ်စဉ် ကြာသပတေးနဲ့ သောကြာနေ့များမှာ Kyimal.tv ကနေ စောင့်မျှော်ကြည့်ရှုလို့ရလို့ ရပါပြီနော်... Reviewed by DiLay & Evelyn
- Genre: Drama, Sci-Fi & Fantasy
- Stars: Go Bo-gyeol, Kim Min-gue, Lee Jang-woo, Park Sang-nam, Tak Jae-hoon, Ye Ji-won
- Duration: 60 min
Comment