Stealer: The Treasure Keeper (2023) ဒီတစ်ခေါက်တော့ နာမည်ကြီး ရုပ်သံလိုင်းက ထုတ်လွှင့်မယ့် ထူးထူးဆန်းဆန်း action ဇာတ်ကားလေးတစ်ကားကို ကြည့်ရမှာပါ Alice 2020 ဒရမ်မာထဲက မင်းသား Joo Won နဲ့ Why Her 2022 ဒရမ်မာထဲက မင်းသမီး Lee Joo-Wooတို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ဒါ့အပြင် နာမည်ကြီးဇာတ်ကားတွေဖြစ်တဲ့ Reborn Rich, Vincenzo, The Law Cafe တို့မှာ ပါဝင်ထားတဲ့ Jo Han-Chul တို့လို ဇာတ်ပို့မင်းသားကြီးတွေပါ အားဖြည့်ထားပါသေးတယ် Skunk နာမည်ပြောင်နဲ့ သူခိုး ဟာ ယဥ်ကျေးမှုအမွေတွေကိုပဲ ဦးစားပေးခိုးတဲ့သူခိုးတစ်ယောက် Karma ဆိုတဲ့ ယဥ်ကျေးမှုအမွေတွေကို ပြန်လည်ထိန်းသိမ်းမယ့် တရားမဝင်အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး ယဥ်ကျေးမှုအမွေတွေကို အသုံးချနေတဲ့သူတွေကို အပြစ်ပေးကြမှာပါ Hwang Dae-Myung (Joo Won) ဟာ ယဉ်ကျေးမှု အမွေအနှစ်များ စီမံခန့်ခွဲရေး အထူးစုံစမ်းစစ်ဆေးရေးဌာနက ရဲအရာရှိတယောက် သူဟာ အပိုငွေရှာဖို့ အခွင့်အရေးကို ဘယ်တော့မှ လက်လွတ်မခံဘဲ အလုပ်ချိန်အတွင်း တရေးတမောအိပ်ရတာကိုလည်း ဘဘောကျသူတယောက် တနေ့မှာ Hwang Dae-Myung (Joo Won) တစ်ယောက် ထူးဆန်းတဲ့သူခိုး Skunk နာမည်နဲ့သူနဲ့အဆက်အသွယ်ရှိတယ်ဆိုပြီး သံသယဝင်ခံရပြီးနောက် Karma အဖွဲ့ဝင်တစ်ယောက်ဖြစ်လာပါတော့တယ် ရဲအရာရှိတစ်ယောက် သူခိုးတစ်ယောက်နဲ့ တစ်ဖွဲ့ထဲဖြစ်လာပြီးနောက် မကောင်းမှုကျူးလွန်နေသူတွေကို ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာ ကြည့်နေကျဇာတ်လမ်းတွေနဲ့မတူဘဲ ထူးထူးခြားခြားလေး ကြည့်ရမှာပါ KyiMal.TV ကနေ ကြည့်ရှု့လို့ရပါပြီ Reviewed by Evelyn
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။
- Genre: Action & Adventure, Comedy, Drama
- Stars: Choi Hwa-jeong, Jo Han-chul, Joo Won, Kim Jae-won, Lee Duck-hwa, Lee Joo-woo
- Duration: 70 min
Comment