Rose Mansion (2022) Genres: Thriller, Mystery 18+ Restricted (violence & profanity) (18+အနည်းငယ်ပါဝင်ပြီး Thriller အမျိုးအစားအထိတ်တလန့်ဖြစ်စေသော အခန်းများပါဝင်ပါသည်) Rose Mansion ဆိုတဲ့ ဇာတ်လမ်းတွဲလေးကတော့ပြန်လည်တည်ဆောက်ရန် စီစဉ်ထားသော တိုက်ခန်းက ပျောက်ဆုံးသွားတဲ့ ကောင်မလေးရဲ့ ပျောက်ဆုံးမှုနောက်ကွယ်က အမှန်တရားကိုဖော်ထုတ်ပြသွားမယ့် လျှိဝှက်ဆန်းကြယ်ပြီး ရင်ထိတ်စရာ ဇာတ်လမ်းတွဲလေးတစ်ခုဖြစ်ပါတယ်။ ဒီကိစ္စကို အိမ်နီးချင်းတွေကိုယ်တိုင်က ဝိုင်းဖုံးပေးထားကြပြီး သူတိုရဲ့ လျှိဝှက်ချက်တွေဟာ ဆိုးရွားပြီး တကယ့်ကိုကြောက်မက်ဖွယ်ဖြစ်နေပါတယ်။ ဟော်တယ်ဝန်ထမ်းဖြစ်တဲ့ ဂျီနာဟာ သူ့အစ်မပျောက်ဆုံးနေကြောင်း သိလိုက်ရတော့ သူမရဲ့မိသားစုအိမ်ဖြစ်တဲ့ Rose Mansion ကိုပြန်လာတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ အခြေအနေတွေနဲ့ကြုံတွေ့လိုက်ရပါတော့တယ်။ အမှုတစ်ခုကို စိတ်ဝင်စားပြီဆိုတာနဲ့ ခေါင်းမာမာနဲ့ အဆုံးထိသေချာလုပ်တတ်တဲ့ မင်ဆူက ဂျီနာရဲ့အမ ပျောက်ဆုံးမှုရဲ့နောက်ကွယ်ကအမှန်တရားကိုဖော်ထုတ်ပေးနိုင်မလား... ဒါပေမယ့် မင်ဆူ့မှာလည်း ဘယ်သူမှမသိတဲ့ လျှိဝှက်ချက်တွေရှိနေပါသေးတယ်.. ဂျီနာ့အမရဲ့ ပျောက်ဆုံးမှုနောက်ကွယ်က အမှန်တရားတွေနဲ့ လျှိဝှက်ချက်တွေက ဘာတွေဖြစ်နေမလဲ၊ Rose Mansion နဲ့ရောဘယ်လိုသက်ဆိုင်နေမလဲဆိုတာကို အပတ်စဥ် ကြာသပတေး သောကြာ နေ့တွေမှာ Kyimal.TV မှာစောင့်မျှော်ကြည့်ရှုနိုင်ပါပြီ Reviewed by KyiMal Team
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။
- Genre: Mystery
- Stars: Jo Dal-hwan, Jung Woong-in, Lee Mi-do, Lim Ji-yeon, Son Byung-ho, Song Ji-in, Yoon Kyun-sang
- Duration: min
Comment