Pasta (2010) ဒီကားလေးကတော့ စားသောက်ဆိုင်ထဲက အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ဆောယူဂျောင်းဟာ အီတလီ စားသောက်ဆိုင်မှာ အကူတစ်ယောက်ဖြစ်ပါတယ်။၃နှစ်လုံးလုံး ကြိုးစားပန်းစားလုပ်ခဲ့ပြီး နောက်ဆုံးမှာတော့ ပထမဆုံး စားသောက်ဆိုင်ထဲမှာ ချက်ပြုတ်ခွင့်ရမယ့်နေ့ကို ရောက်ရှိလို့ လာပါတယ်။ အဲ့နေ့မှာပဲ ခေါင်းဆောင် စားဖိုမှူးက အသစ်တစ်ယောက် ပြောင်းလဲသွားပါတယ်။ ချွဲဟျွန်းအူဟာ အလွန်တည်ငြိမ်ပြီး ကြောက်ဖို့ကောင်းတဲ့ လူစားဖြစ်ပါတယ်။ ယူဂျောင်းတို့ သူငယ်ချင်းကောင်မလေးတွေ အမှားလုပ်မိပြီး ဆိုင်က မိန်းကလေးတွေအားလုံးကို ဟျွန်းအူက ဖြုတ်ပစ်လိုက်ပါတယ် အဲ့ချိန်မှာ အခုမှ လောလောလတ်လတ် ချတ်ပြုတ်ရတဲ့ ယူဂျောင်း သံသယတွေ ပေါက်ဖွားလာပါတော့တယ်။ဟျွန်းအူက ဘာလို့ မိန်းကလေးတွေကိုပဲ ရွေးဖြုတ်ရတာလဲ… သူ့မှာရော ဘယ်လိုကိစ္စတွေ ရှိနေတာလဲ။ ယူဂျောင်းကရော စားသောက်ဆိုင်မှာ စားဖိုမှူး ပြန်လည် လုပ်နိုင်ပါ့မလား။ အခုလို ရင်ခုန်စွာနဲ့ စောင့်ကြည့်ရမယ့် အချစ်ဇာတ်လမ်းလေး ဖြစ်တာမို့ kyimal.tv ကနေ ကြည့်ကြည့်ကြပါလို့ ပြောချင်ပါတယ် Reviewed by May Yu
- Genre: Comedy
- Stars: Alex Chu, Byeon Jung-su, Choi Jae-Hwan, Choi Min-I, Gong Hyo-jin, Jang Yong, Jung Da-hye, Lee Ha-nee, Lee Sun-kyun, No Min-woo
- Duration: 65 min
Comment