Our Blooming Youth (2023) Ep 17

· Updated On · Posted On · Series Our Blooming Youth (2023) · Season 1
Our Blooming Youth (2023) Ep 17
9/1 votes
Bookmark
Followed by 7 members

Our Blooming Youth (2023) ကျိန်စာမိနေတဲ့အိမ်ရှေ့မင်းသားနဲ့ တော်ဝင်မိသားစုက မမလေးတို့ရဲ့ ကံကြမ္မာစီမံထားတဲ့ အချစ်ဇာတ်လမ်းလေးကိုကြည့်ရမှာပါ ဇာတ်ဆောင်တွေအနေနဲ့ Strong Woman Do Bong Soon ကားထဲက အချစ်တော် မင်းသား Park Hyunsik နဲ့ Encounter ကားထဲက မင်းသမီး Jeon So Hee တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအညွှန်းကတော့ အိမ်ရှေ့မင်းသား Lee Hwan (Park Hyunsik) ဟာ မောက်မာပြီး လျှို့ဝှက်ကျိန်စာတိုက်ခံထားသူပါ ရင်ထဲမှာ အမာရွတ်တခုကို ဖုံးကွယ်ထားပြီး အထီးကျန်နေသူတဦးပေါ့ Min Jae Yi (Jeon So Hee) ဟာ အေးချမ်းပြီး နူးညံ့သိမ်မွေ့တဲ့ နာမည်ကြီးမိသားစုအိမ်တော်ရဲ့ သမီးတစ်ယောက်ဖြစ်ပါတယ်။ စေ့စပ်ထားတဲ့သူလည်းရှိတဲ့ အပြင် မိသားစုဂုဏ်မြင့်တက်ဖို့အတွက် သူမကံကြမ္မာကို လက်ခံပြီး ဇနီးကောင်း မိခင်ကောင်းဖြစ်ရန် တတ်အပ်တဲ့ပညာရပ်များကို သင်ကြားရင်း အနာဂတ်အတွက် ပြင်ဆင်နေခဲ့ပါတော့တယ်၊ဒါပေမဲ့လည်း ကံကြမ္မာက မျက်နှာသာမပေး၍ လက်ထပ်ခါနီး လေးရက်အလိုမှ သူမရဲ့ မိသားစုဟာ ရက်စက်စွာ အသတ်ခံခဲ့ရတဲ့ အပြင် သူမဟာလည်း ဒီလူသတ်မှုရဲ့ သံသယရှိသူတရားခံဖြစ်လာပါတော့တယ်။ သူမဟာ သူမကိုသတ်ဖို့ကြိုးစားတဲ့သူတွေကို နောက်လံရှာဖွေပြီး အိမ်ရှေ့မင်းသားနဲ့ဘယ်လိုတွေ ရေစက်ပါမလဲ။ တစ်‌ယောက်က လူသတ်မှုအတွက် သံသယရှိသူ နောက်တစ်ယောက်က လျို့ဝှက်ဆန်းကြယ်သော ကျိန်စာအတိုက်ခံရသူ သူတို့နှစ်ဦးကြားမှာ အချစ်ပန်းလေးတွေသာ ပွင့်လန်းလာမယ်ဆို ဘယ်လိုပြောင်းလဲမှုတွေ တွေ့ကြုံရမလဲဆိုတာကို စိတ်လှုပ်ရှား အသည်းယားဖွယ် စောင့်ကြည့်ရမဲ့ ဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ် Reviewed by Evelyn & Di Lay

Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

Comment

Leave a Reply