Ordinary Greatness (2022) Ep 14

· Updated On · Posted On · Series Ordinary Greatness (2022) · Season 1
Ordinary Greatness (2022) Ep 14
7.0/0 votes
Bookmark

Ordinary Greatness (2022) ဒီတစ်ခေါက် KyiMal.TV ကနေ ပရိတ်သတ်များအတွက် 2022 အသစ်ထွက် Ordinary Greatness ဆိုတဲ့ ရဲဘော်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးက ပြည်သူလူထုတွေရဲ့ လုံခြုံမှုအတွက် ရာဇဝတ်မှုကျူးလွန်သူများကို ဖမ်းဆီးဖြေရှင်းပေးတဲ့လူငယ်ရဲသားလေးယောက်ဟာ ရဲဘဝကိုစတင်ဝင်ရောက်ပြီး ကိုယ်မထင်မှတ်ဖူးတဲ့ အခက်အခဲများကိုရင်ဆိုင်ရတဲ့အခါ ယုံကြည်မှုလျော့ပါးသွားပြီး ရဲဟောင်းဆရာတို့ကအားပေးကူညီပေးတဲ့ဇတ်ကားတစ်ကားဖြစ်ပါတယ်။ ရဲစခန်းကို သင်တန်းသားအနေနဲ့အသစ်ဝင်လာတဲ့ လူငယ်လေးယောက် လီတဝေ(Li Da Wei),ရှကျယ်(Xia Jie),ရန်ရှု(Yang Shu),ကျောက်ကျိဝေ(Zhao Ji Wei) တိုလေးယောက်ဟာ အစပိုင်းမှာ ရဲသားဆိုတဲ့အလုပ်ကို စိတ်ကူးစိတ်တန်းများစွာနဲ့ဝင်လာကြတယ်။ လီတဝေ(Li Da Wei)သည် ရိုးသားပြီး ဟာသစိတ်နဲ့ပျော်ရွှင်လိုစိတ်ရှိသူတစ်ယောက်ဖြစ်တယ်။ အလုပ်မှာလည်းအရမ်းစိန်အားထက်သန်သူတစ်ယောက်ဖြစ်တယ်။ ရှကျယ်(Xia Jie)သည် သတ္တိကောင်းပြီး အခက်အခဲအတားအဆီးတွေကိုကြောက်ရွံစိတ်မရှိတဲ့သူတစ်ယောက်ဖြစ်တယ်။သူဟာ အာဇာနည်သမီးတစ်ယောက်ဖြစ်တဲ့အတွက် အားလုံးရဲ့ဂရုစိုက်မှုကိုခံယူနေရသော်လည်းဒီလိုမဖြစ်စေချင်ဘူး။ကိုယ်တိုင်ကြိုးစားချင်တယ်။ ရန်းရှု(Yang Shu)သည် ဥပဒေဘာသာမှာမာစတာဘွဲရထားတဲ့ထူးချွန်တဲ့သူတစ်ယောက်ဖြစ်တယ်။အရာရာကိုဥပဒေစည်းမျဉ်းနဲ့ဖြေရှင်းတတ်သူတစ်ယောက်ဖြစ်တယ်။ ကျောက်ကျိဝေ(Zhao Ji Wei)သည်လည်း သင်တန်းသားတစ်ယောက်အနေနဲ့ဝင်လာပြီး ပညာသင်ယူလိုသူတစ်ယောက်ဖြစ်တယ်။ အတွေ့အကြုံမတူ အရည်အချင်းမတူတဲ့ လူငယ်လေးယောက်တိုရဲ့ ရဲဘဝတစ်လျှောက်မှာ ရင်ဆိုင်ထိတွေ့ရမဲ့ ပြဿနာအခက်အခဲအပေါင်းတိုကို ဘယ်လိုဖြတ်ကျော်သွားမလဲ ၊ ရဲသားတစ်ယောက်မှာရှိသင့်တဲ့တာဝန်ဝဠ်တရာများကိုလည်းကျေပွန်အောင်လုပ်ဆောင်နိုင်မလားဆိုတာကို KyiMal.TV ကနေဘာသာပြန်တင်ပြသွားပါမယ် အားလုံးစောင့်မျှော်ကြည့်ရှုပေးပါဦးနော် Review by Lin

Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

Comment

Leave a Reply