Love in Contract (2022) အတွင်းရေးမှူးမမရဲ့ နောက်ထပ် ကာရိုက်တာဆန်းဆန်းလေးနဲ့ ဒရမ်မာလေး ထွက်လာပါပြီ 😍😍 ဘက်စုံထူးချွန်ပြီး လှပတဲ့ ချွဲဆန်းအွန်က Single ဘဝကို ကောင်းကောင်း ဖြတ်သန်းချင်တဲ့ ယောက်ျားတွေအတွက် ဟန်ဆောင်ဇနီးအဖြစ် ဝန်ဆောင်မှုပေးတဲ့ မမပါ။ ဂျောင်ဂျီဟို (Go Kyung Pyo)ကတော့ နားလည်ရခက်ပြီး ချွဲဆန်းအွန်ကို ၅နှစ်တာ ဇနီးအဖြစ် စာချုပ်ချုပ်ထားတဲ့ ကာစတမ်မာကြီးပေါ့။ ဂန်ဟယ်ဂျင် (Kim Jae Young)ကတော့ နာမည်ကြီးအနုပညာရှင် တစ်ဦးဖြစ်ပြီး ချွဲဆန်းအွန်ရဲ့ နောက်ထပ် ကာစတမ်မာ အသစ်ပါ။ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာမှာ ဂျောင်ဂျီဟိုရဲ့ ပါတနာလုပ်ပြီး အင်္ဂါ၊ ကြာသပတေး၊ စနေမှာ ဂန်ဟယ်ဂျင်ရဲ့ ပါတနာအဖြစ် ချွဲဆန်းအွန်တစ်ယောက် ဝန်ဆောင်မှုပေးရင်း နောက်ပိုင်း သူတို ၃ ဦးကြား သုံးပွင့်ဆိုင် ဇာတ်လမ်းလေး ဖြစ်လာပုံကို ချစ်စရာ ရိုမန်တစ်ဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ မမရဲ့ဖက်ရှင်တွေကို ဘောနပ်စ် ကြည့်ရမယ့် ဒီဒရမ်မာလေးကတော့ အပတ်စဥ် ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့များမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီနော်! Reviewed by No No
- Genre: Comedy, Drama
- Stars: Go Kyung-pyo, Jin Kyung, Kang Hyung-suk, Kim Jae-young, Lee Joo-been, Park Min-young
- Duration: 65 min
Comment