Little Women (2022) Ep 4

· Updated On · Posted On · Series Little Women (2022) · Season 1
Little Women (2022) Ep 4
10/1 votes
Bookmark
Followed by 5 members

Little Women (2022) အမိုက်စား Cast တွေနဲ့ ဇာတ်အိမ်ကောင်းကောင်းတည်ထားတဲ့ September လရဲ့ Masterpiece လိုပြောလိုရတဲ့ Drama ပါပဲ Cast တွေကတော့ အထူးမိတ်ဆက်စရာမလိုတဲ့ Kdrama Fan တိုင်းနဲ့ရင်းနှီးပြီးသားတွေပါ ဆင်းရဲတဲ့မိသားစုက ကြီးပြင်းလာရတဲ့ညီအမ ၃ယောက် မထင်မှတ်ထားတဲ့ အမှုတခုမှာ ပါဝင်ပတ်သတ်မိပြီး တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး သြဇာအရှိဆုံးမိသားစုနဲ့တိုက်ခိုက်ရမယ့် သူတို၃ယောက်ရဲ့အကြောင်းကို အဓိကထားပြီးရိုက်ကူးထားမှာဖြစ်ပါတယ် Oh In Joo ဆိုတဲ့ အမအကြီးဆုံး Character အနေနဲ့ ပူပူနွေးနွေးပြသထားတဲ့ Yumi's Cells ကားထဲက မင်းသမီး Kim Go Eun က ပါဝင်သရုပ်ဆောင်ထားပါတယ် Oh In Joo ဟာ ဆင်းရဲတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့သူပီပီ သူမ ငယ်စဥ်ကထဲက ပိုက်ဆံကသာ အရေးကြီးဆုံးဆိုတာကို နားလည်ခဲ့တယ် ပိုက်ဆံနဲ့ပဲ သူမမိသားစုကို ကာကွယ်ပေးချင်ပြီး သာမန်လူတွေလို ကောင်းကောင်းမွန်မွန်နေထိုင်ချင်ခဲ့ပေမယ့် အမှုတခုမှာ ပါဝင်ပတ်သတ်မိပြီးနောက် သူမဘဝကို ခလောက်ဆန်ခဲ့ရပါတယ် အမအလတ်အနေနဲ့ 100 days my prince ကားထဲက မင်းသမီး Nam Ji Hyun က Oh In Kyung ဆိုတဲ့ Character အနေနဲ့ ပါဝင်ထားပါတယ် Oh In Kyung က စိတ်အားထက်သန်တဲ့သတင်းထောက်တယောက်ဖြစ်ပြီး ပိုက်ဆံကိုဂရုစိုက်မနေဘဲ မှန်ကန်တဲ့အရာတွေကိုသာ လုပ်ရတာ သဘောကျတဲ့သူတယောက်ပါ အငယ်ဆုံး Oh In Hye အနေနဲ့ All of us are dead ကားထဲက မင်းသမီး Park Ji-Hu က ပါဝင်ထားပါတယ် Oh In Hye ဟာ အမတွေရဲ့အချစ်ခံရတဲ့သူတယောက်ဖြစ်ပြီး ထိပ်တန်းအနုပညာကျောင်းကို ပင်ကိုပန်းချီဆွဲတော်တဲ့အရည်အချင်းနဲ့ ဝင်ခွင့်ရတဲ့ ကျောင်းသူတယောက်ပါ Male Lead Role အနေနဲ့ Squid Game ထဲက မင်းသား Wi Ha Joon ကပါ ပါဝင်ထားပြီး ထိပ်တန်း တက္ကသိုလ်ကဘွဲရထားပြီး Oh In Ju နဲ့ ပတ်သတ်မယ့် Choi Do il ဆိုတဲ့ Character နဲ့ ပါဝင်အားဖြည့်ထားပါသေးတယ် ဒါ့အပြင် Penthouse ထဲက Kdrama Fan တိုရဲ့ အချစ်တော် ဂျူဒန်ထယ်လိုလူသိများကြတဲ့ အာဂျူရီး Uhm Ki Joon က ညီအမ ၃ယောက်နဲ့ ပါဝင်ပတ်သတ်မယ့် နိုင်ငံရေးသမားတယောက်အနေနဲ့ ပါဝင်ထားပါတယ် ဒီကားထဲလဲ ဗီလိန်ကြီးလုပ်မယ့်ပုံပါပဲ Special Guest အနေနဲ့ မင်းသား Song Joong-ki ပါ ပါလာအုံးမှာတဲ့နော် ဇာတ်အိမ်ကောင်းကောင်းနဲ့ ဆွဲခေါ်သွားမယ့်ကားတကားဖြစ်လို မကြည့်မိရင် နောင်တရနေမယ့် ကားပဲဖြစ်ပါလိမ့်မယ် အပါတ်စဥ် စနေ တနင်္ဂနွေ ညတွေတိုင်း KyiMal.TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ Reviewed by Evelyn

Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

Comment

Leave a Reply