Joseon Attorney: A Morality (2023) Ep 13

· Updated On · Posted On · Series Joseon Attorney: A Morality (2023) · Season 1
Joseon Attorney: A Morality (2023) Ep 13
8/1 votes
Bookmark

Joseon Attorney: A Morality (2023) အခုတစ်ခါ မိတ်ဆက်ပေးဖို့ အလှည့်ကျလာတဲ့ကားလေးကတော့ ရှေးခေတ် ရှေ့နေကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် အခုခေတ် ရှေ့နေ ဇာတ်ကားတွေနဲ့ ကွဲပြားစွာ ခေတ်အရ အဆင့်အတန်းကွဲခြားမှုတွေရှိနေတဲ့ ဂျိုဆွန်းခေတ်ရဲ့ အမှုလိုက်တဲ့ ဇာတ်ကားလေးကရော ဘယ်လိုထူးခြားတဲ့အမှု၊ပြဿနာဖြေရှင်းပုံတို့ကို ဘယ်လိုဖော်ပြသွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရမဲ့ ကားသစ်လေးပေါ့နော် ဂန်ဟန်ဆူဟာ အရည်အချင်းပြည့်ဝပြီး အမှုကိစ္စဖြေရှင်းရာမှာ ထူးချွန်ထက်မြတ်ပေမဲ့ အောင်မြင်ကျော်ကြားမှုအတွက်ဆို အမှုသည်တွေရဲ့ ခံစားချက်ကို ချနင်းဖို့ ဝန်မလေးတဲ့ ရှေ့နေတစ်ယောက်ဖြစ်ပါတယ်၊ဒါပေမဲ့လည်း မထင်မှတ်ဘဲ သာမန်လူတန်းစားတွေ အမြင်မှာတော့ သူတို့အမှုတွေကို ဖြေရှင်းပေးတဲ့ သူရဲကောင်းတစ်ယောက်သဖွယ်ဖြစ်နေခဲ့ပါတော့တယ် စစ်မှန်တဲ့တရားမျှတမှုဆိုတာ ဘယ်လိုမျိုးအရာလည်းဆိုတာကို နားလည်လာပြီး ဟန်ဆူဟာ တကယ့်ကို တရားမျှတဘက်မလိုက်တဲ့ ရှေ့နေတစ်ယောက်အဖြစ် ပြောင်းလဲလာမလား၊ ကျော်ကြားမှုကိုပဲ အာရုံစိုက်တဲ့ ရှေ့နေအဖြစ်ပဲ ကျန်ရှိနေမလားဆိုတာကို Kyimal.Tv ကနေ အပတ်စဉ် သောကြာ၊စနေနေ့များမှာ စောင့်မျှော်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်နော်။ Reviewed by DiLay

Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

Comment

Leave a Reply