Jinxed at First 2022 June လရဲ့ နောက်ထပ် အချိုတွေကျွေးမယ့် အတွဲတတွဲလာပါပြီ အဓိက သရုပ်ဆောင်အနေနဲ့ River Where The Moon Rises ကားထဲက မင်းသားချော Na In Woo နဲ့ SNSD အဖွဲထဲက အငယ်ဆုံး အချောအလှလေး Seohyun တိုက ပါဝင်သရုပ်ဆောင်ထားပါတယ် ဂုန်ဆူဂွမ်( Na In Woo) ဆိုတဲ့ကောင်လေးဟာ ရပ်ကွက်စျေးထဲက တံငါသည်ကောင်လေးတယောက်ဖြစ်ပြီး ကံဆိုးတဲ့နေရာမှာတော့ နာမည်ကြီးတဲ့သူပါ ဘယ်လောက်ပဲကြိုးစားကြိုးစား ကံဆိုးမှုတွေကြုံနေတဲ့ သူတယောက်ပေါ့ သူ့ရဲ့ကံဆိုးမှုတွေဟာလဲ အီဆစ်လ်ဘီဆိုတဲ့ ကောင်မလေးကို အိပ်မက်မက်တိုင်း တခုမဟုတ် တခုဖြစ်လာတက်ပါတယ် ဒီလိုနဲ့ ၇နှစ်အကြာမှာ အီဆစ်လ်ဘီ (Seoyeon) ဆိုတဲ့ကောင်မလေးနဲ့အပြင်မှာတွေ့ဆုံပြီးနောက် သူ့ကံဆိုးမှုတွေ ပျောက်ကွယ်သွားပြီး ဘဝကလဲ လုံးဝပြောင်းလဲသွားပါတော့တယ် အီဆစ်လ်ဘီ(Seohyun)ကတော့ သူ့အမေဆီကနေ လူတွေကိုထိတွေ့လိုက်ရုံနဲ့ အနာဂတ်ကိုကြိုမြင်နိုင်တဲ့ ထူးခြားတဲ့စွမ်းရည် ပိုင်ဆိုင်ထားတဲ့ကောင်မလေးပါ မောင်ကံဆိုး ဆူဂွမ်နဲ့ ထူးခြားတဲ့စွမ်းရည်ပိုင်ရှင်မလေး ဆစ်လ်ဘီတို ဘယ်လိုတွေ တွေ့ဆုံကြပြီး ဘယ်လိုတွေ ရိုကြမလဲဆိုတာ အပါတ်စဥ် ဗုဒ္ဓဟူး ကြာသပတေးနေ့တိုင်းမှာ KyiMal TV ကနေ စောင့်မျှော်ကြည့်ရူနိုင်ပါပြီ Reviewed by Evelyn
- Genre: Drama, Mystery
- Stars: Hwang Suk-jung, Jun Kwang-ryul, Ki Do-hun, Kim Dong-young, Lee Ho-jung, Na In-woo, Seohyun, Woo Hyeon, Yoon Ji-hye, Yoon Yoo-sun
- Duration: 60 min
Comment