Insider ( 인사이더 ) 2022 ဒီကားလေးကတော့ မင်းသားချော Kang Ha-neul ရဲ့ Action, Thriller , Drama အမျိုးအစားကားသစ်လေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း ဒီဇာတ်လမ်းထဲမှာပါဝင်တဲ့ ကင်ယိုဟန် (Kang Ha Neul )ဆိုတဲ့ ကောင်လေးကတော့ တရားရေးအလုပ်သင် အဖြစ်အလုပ်လုပ်ပါတယ် ။ ကင်ယိုဟန်ဟာ သူရဲ့လုပ်ရပ်တွေကို တမင်ရည်ရွယ်လုပ်ဆောင်ပြီး ခံစားချက်ကင်းမဲ့တဲ့သူလည်း ဖြစ်ပါတယ် ။ တစ်နေ့တော့ စုံစမ်းစစ်ဆေးရင်း မမျှော်လင့်ဘဲ အရှုပ်ထွေးတစ်ခုမှာ ပါဝင်ပတ်သက်မိပြီး ကင်ယိုဟန်တစ်ယောက် အကျဉ်းသား ဖြစ်သွားပါတော့တယ် ။ ထောင်ထဲမှာ လောင်းကစားလုပ်ရင်း သူ့ရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်တဲ့ ကတ်ကိုကိုင်ဆောင်နိုင်ဖို ရုန်းကန်နေရပါတော့တယ် ။ အန္တရာယ်ရှိတဲ့ အခြေအနေကို အခွင့်အရေးအဖြစ်အသုံးချပြီး ဘယ်လိုအသက်ရှင်ကျန်ရစ်အောင် လုပ်မလဲ ဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ် ။ အပိုင်းကတော့ ၁၆ ပိုင်းပါဝင်မှာဖြစ်ပြီး ဇွန်လ ၈ ရက်နေ့ကစပြီး အပတ်စဉ် ဗုဒ္ဓဟူးနဲ့ကြသပတေးနေ့တွေမှာ စောင့်မျှော်ကြည့်ရှုလိုရပြီနော် ။ Reviewed by Ei Phyu Ohm
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။
- Genre: Action & Adventure, Drama
- Stars: Cha Yup, Han Bo-reum, Heo Sung-tae, Jeong Man-sik, Kang Ha-neul, Kang Young-seok, Kim Sang-ho, Kim Si-eun, Lee You-young, Sung Ji-ru
- Duration: 65 min
Comment