If You Wish Upon Me (2022) Ji Chang Wook နဲ့ Girl-Generation Sooyoung တိုရဲ့ ဒရမ်မာအသစ်လေး လာပါပြီ 😍 နယ်သာလန်က ကင်ဆာနောက်ဆုံးအဆင့်လူနာတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ ဆေးရုံတစ်ခုကို ကျောရိုးယူထားတဲ့ ဇာတ်လမ်းလေးပါ။ Yoon Gyeo Rye (Ji Chang Wook) က မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့ပြီး လူငယ်ထိန်းသိမ်းရေးကျောင်းနဲ့ ထောင်ထဲမှာပဲ အချိန်ကုန်ခဲ့တဲ့ ကောင်လေးပါ။ Seo Yeon Joo (Sooyoung) ကတော့ ပွင့်ပွင့်လင်းလင်းနဲ့ ဆတ်ဆတ်ကြဲ သူနာပြုမလေးပေါ့။ Kang Tae Sik (Sung Dong Il) ကတော့ လူနာတွေရဲ့ နောက်ဆုံးဆန္ဒကို မဖြစ်ဖြစ်အောင် ဖြည့်ဆည်းပေးတတ်တဲ့ ပရဟိတအဖွဲရဲ့ ခေါင်းဆောင်ဦးလေးကြီးပါ။ Yoon Gyeo Rye ကို ပြစ်မှုတစ်ခုကြောင့် Seo Yeon Joo နဲ့ Kang Tae Sik တို ရှိတဲ့ ဆေးရုံမှာ လူမှုဝန်ထမ်း သွားလုပ်ဖို တရားရုံးကနေ အမိန့်ချလိုက်ပါတယ်။ တက်တူးအပြည့်နဲ့ အရိုင်းအစိုင်းလေး Yoon Gyeo Rye တစ်ယောက် စေတနာ့ဝန်ထမ်းအဖြစ် လူနာတွေကို ကောင်းကောင်း စောင့်ရှောက်နိုင်ပါ့မလား..... Reviewed by No No
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။
- Genre: Drama
- Stars: Choi Soo-young, Jeon Chae-eun, Ji Chang-wook, Kil Hae-yeon, Nam Tae-hun, Shin Ju-hwan, Sung Dong-il, Won Ji-an, Yang Hee-kyung, Yoo Soon-woong
- Duration: 65 min
Comment