Doctor Lawyer ( 2022 ) Doctor Lawyer ဆိုတဲ့ Drama မှာတော့ မင်းသားကြီး So Ji Sub က Han Yi Han ဆိုတဲ့ Character အနေနဲ့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် Han Yi Han ဟာ ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း ဆေးတက္ကသိုလ်မှာ ဘွဲရခဲ့ပြီးတော့"ဘီလူးဓားသမား" လို နာမည်ပြောင်ပေးရတဲ့ အထိကို ခွဲစိတ်တဲ့နေရာမှ ထူးချွန်ထက်မြက်တဲ့ ဆရာဝန်တယောက်ပါ တနေ့မှာ ခွဲစိတ်မှုတခုက သူ့ရဲ့ဘဝကို ခလောက်ဆန်စေခဲ့ပါတယ် အကောင်းဆုံးခွဲစိတ်ခဲ့တယ်လို ထင်ခဲ့တဲ့ ခွဲစိတ်မှုရဲ့လူနာက သေဆုံးသွားခဲ့ပါတယ် အဲဒီ ခွဲစိတ်မှုကြောင့်ပဲ သူ့ရဲ့ ဆရာဝန်လက်မှတ်ပါ အသိမ်းခံလိုက်တယ် ဒီလိုနဲ့ လေးနှစ် အကြာမှာ Han Yi Han ဟာ ဆေးဘက်ဆိုင်ရာ တရားစွဲဆိုမှုတွေကို ဆောင်ရွက်ပေးတဲ့ ရှေ့နေ တယောက်ဖြစ်လာခဲ့ပါတယ် ဒီကားထဲမှာတော့ လတ်တလော K-drama ကြည့်ရှုသူ Fan တွေရဲ့ အချစ်ကို ရရှိထားတဲ့ Woori the Virgin ကားထဲက မင်းသမီး Im Soo-hyang ဟာလဲ ဒီကားထဲမှာ Geum Seok-yeong ဆိုတဲ့ Character အနေနဲ့ main role နေရာကနေ ပါဝင် သရုပ်ဆောင်ထားပါတယ် တရားခွင်တွေမှာ ဆရာဝန်တွေရဲ့ ပညာရည်မပြည့်ဝဘဲ လူနာအပေါ် ကုသမှုတွေ၊ တစ်ဖက်လှည့်နဲ့ လူနာအပေါ် စမ်းသပ်ကုသမှုတွေ ပြုလုပ်ခဲ့ပုံတွေ စတဲ့ ဆေးလောကရဲ့ အရှုပ်တော်ပုံများအကြောင်းကို စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးထားတာဖြစ်လို အပတ်စဥ် သောကြာနေ့နဲ့ စနေနေ့တွေမှာစောင့်မျှော်ကြည့်ရှုလိုက်ရအောင်နော် Reviewed by KyiMal Team
- Genre: Crime, Drama
- Stars: Choi Deok-moon, Im Soo-hyang, Kim Ho-jung, Kim Hyeong-mook, Lee Dong-ha, Lee Joo-bin, Lee Kyung-young, Shin Sung-rok, So Ji-sub, Woo Hyun-zoo
- Duration: min
Comment