Cherry Blossom After Winter (2022) [겨울지나 벚꽃] ဆောဟယ်ဘုန်းဆိုတဲ့ ကောင်လေးရဲ့ အသက် (၇) နှစ်မှာပဲ မိဘတွေက မတော်တဆမှုတစ်ခုကြောင့် သေဆုံးသွားလို မိဘမဲ့ဖြစ်သွားပါတယ်။ နောက်ပိုင်းတော့ ဆောဟယ်ဘုန်းနဲ့ ရွယ်တူဖြစ်တဲ့ ဂျိုထယ်ဆောင်းရဲ့ အမေက ဆောဟယ်ဘုန်းကို မွေးစားခဲ့ပါတယ်။ တစ်ကျောင်းတည်းတက်ပြီး တစ်အိမ်တည်း နေကြပေမဲ့လည်း နှစ်ယောက်သား မရင်းနှီးကြပါဘူး။ ဒါပေမဲ့လည်း အထက်တန်း ၁၂ တန်းသို ရောက်လာတဲ့အချိန်မှာတော့ နှစ်ယောက်သားကို တစ်ခန်းတည်း ကျစေခဲ့ပါတယ်။ အိမ်မှာနေရတာထက် ကျောင်းမှာအတူတူကုန်ဆုံးရတဲ့အချိန်များလာတဲ့အခါ နှစ်ယောက်သား သာမာန်ညီအစ်ကိုလိုကနေ ဘယ်လိုမျိုး မမျှော်လင့်ထားတဲ့ စိတ်ကူးယဉ်ဆန်တဲ့ အချစ်ဇာတ်လမ်း ဖြစ်လာမလဲဆိုတာ အပတ်စဉ် ကြာသပတေးနေ့တိုင်း စောင့်မျှော်ကြည့်ရှုလို ရပါပြီနော်။ Reviewed by Ei Phyu Ohm
- Genre: Drama
- Stars: Cha Gun-woo, Jinuk-Ok, Jo Hyun-jae, Kang Hee, Kim Hyun Wook
- Duration: 21 min
Comment