Cheer Up (2022) မင်းသား Bae In Hyuk နဲ့ မင်းသမီး Han Ji Hyun တို့ရဲ့ ပထမဆုံး Main Lead တွေအနေနဲ့ အလောင်တွေကြားထဲက ကြည့်ရမယ့် ပေါ့ပေါ့ပါးပါးကျောင်းသားကားလေးပါ Do Hye Yi(Han Ji Hyun) ကတော့ ယွန်ဟီး တက္ကသိုလ်က ကျောင်းသူတယောက်ဖြစ်ပြီး တက်ကြွပြီး လုံ့လဝီရိယရှိတဲ့ကျောင်းသူတယောက်ပါ အိမ်ရဲ့ငွေကြေးအခြေအနေကြောင့် ကျောင်းထက် ပိုက်ဆံရှာဖို့ကိုပဲ တာဆူနေတဲ့သူပေါ့ Park Jung Woo (Bae In Hyuk) ကတော့ ယွန်ဟီး တက္ကသိုလ်ကနေ နှစ် ၅၀ ကြာ ဖွဲ့စည်းထားတဲ့ Cheerleading Club ရဲ့ ဥက္ကဌပါ လိမ္မာပါးနပ်ပြီး အရာရာပြည့်စုံတဲ့သူတယောက်ဖြစ်ပါတယ် တနေ့မှာ Do Hye Yi တယောက် Park Jung Woo တို့ Cheerleading Club ရဲ့ အဖွဲ့ဝင်တယောက် ဖြစ်လာတဲ့အခါ .. Hye Yi တယောက် အမျိုးမျိုးသောလူတွေနဲ့တွေ့ဆုံရပြီး ဘဝရဲ့ ပျော်ရွှင်မှု အစစ်အမှန်ကို ရှာတွေ့လာပါတော့တယ် စားသောက်နေထိုင်ရဖို့ ရုန်းကန်ရတဲ့ဘဝမှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို အားပေးမယ့် Cheerleading club လေးရဲ့ လုပ်ဆောင်ချက်တွေကိုကြည့်ရင်း စိတ်အားတက်စေမယ့် ကျောင်းတွင်းအချစ်ဇာတ်လမ်းကားလေးပါ အပတ်စဥ် တနင်္လာ အင်္ဂါနေ့တိုင်း စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ Reviewed by Evelyn
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။
- Genre: Comedy, Drama, Mystery
- Stars: Bae In-hyuk, Baek Ji-won, Han Ji-hyun, Jang Gyu-ri, Jang Young-nam, Kim Hyun-jin, Lee Eun-saem, Lee Min-jae, Ryu Hyun-kyung, Yang Dong-geun
- Duration: 68 min
Comment