Check Out the Event (2021) Episode 1

· Updated On · Posted On · Series Check Out the Event (2021) · Season 1
Check Out the Event (2021) Episode 1
9/3 votes
Bookmark

Check Out the Event (2021) ဒီတစ်ခါမှာတော့ “Check out the event ” ကို kyimal.tv ကနေဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်နော် ဟာဆုန်းအီဟာ တောက်ပပြီးရိုးသားတဲ့ကိုယ်ရည်ကိုယ်သွေးရှိတဲ့ ကောင်မလေးတစ်ယောက်ပါ။ ရုက္ခဗေဒ ဥယျာဉ် တစ်ခုမှာ ညှိနှိုင်းရေးမှူးအဖြစ်နဲ့ အလုပ်လုပ်ကိုင်နေတဲ့ ဆုန်းအီက “လူတွေက မင်းအပေါ်ကို သစ္စာဖောက်နိုင်ပေမယ့် သစ်ပင်တွေကတော့ ဘယ်တော့မှ အဲ့လိုမလုပ်ဘူး” ဆိုတဲ့ သူ့အမေ ပြောဖူးတဲ့ စကားတစ်ခွန်းကို အမြဲယုံကြည်နေပါတယ်။ ပတ်ဒိုဂယောင်းကတော့ ဆုန်းအီရဲ့ ရည်းစားဖြစ်ပြီးတော့ သူ့ရုပ်ရည်နဲ့ မလိုက်ဖက်အောင် နူးညံ့နဲ့ နှလုံးသားနဲ့ ကိုယ်‌ရည်ကိုယ်သွေးရှိတဲ့ indie band တီးဝိုင်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ အရမ်းချစ်ကြပေမယ့်လည်း အကြောင်းတစ်ခုကြောင့် ပတ်ဒိုဂယောင်းဘက်ကနေ စပြီး‌တော့ လမ်းခွဲခဲ့ပါတယ်။ ဒီလိုအကြောင်းအရာတွေကြောင့် ဆုန်းအီတစ်ယောက် နာကျင်နေတုန်းမှာပဲ လမ်းမခွဲခင်က ကံစမ်းထားခဲ့တဲ့ ဂျယ်ဂျူကျွန်း စုံတွဲခရီးစဉ်ကို မဲပေါက်ခဲ့ပါတယ်။ ဒါပေမယ့် ဆုန်းအီဟာ လမ်းခွဲပြီးပေမယ့်လည်း ဂျယ်ဂျူကျွန်းကို အရမ်းသွားချင်ခဲ့တာကြောင့် ဒိုဂယောင်းကို ရည်းစားအဖြစ်နဲ့ ဟန်ဆောင်ပြီး အတူသွားပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဆောဂျီဂန်းကတော့ ဂျယ်ဂျူကျွန်း စုံတွဲခရီးစဉ်မှာ စာမူကုန်ကြမ်းရဖို့အတွက် လမ်းပြတစ်ယောက်အဖြစ် လာလုပ်တဲ့ စာရေးဆရာတစ်ဦးဖြစ်ပါတယ်။ လမ်းပြအဖြစ် လာလုပ်ပေးရင်း ဆုန်းအီအပေါ် စိတ်ဝင်စားသွားခဲ့တဲ့ ဆောဂျီဂန်းနဲ့ ချစ်‌နေသေးပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲခဲ့တဲ့ ပတ်ဒို‌ဂယောင်းတို့ နှစ်ယောက်ကြားမှာ ဟာဆုန်းအီတစ်ယောက် ဘယ်လိုတွေ ဆက်ဖြစ်ဦးမလဲ ဆိုတာကို ဒီသုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေး “Check Out The Event” မှာ ခံစားကြည့်ကြပါဦးနော်် Reviewed by Rebilli

Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

Comment

Leave a Reply