Café Minamdang (2022) နမ်ဟန်ဂျွန် (SEO In-Guk)ဟာ ပြစ်မှုမှတ်တမ်းရှိခဲ့သူ တစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ လူလိမ်တစ်ယောက်ပါ။ သူက လိမ်ညာမှုတွေ လုပ်ဖိုအတွက် မီနမ်ဒန်းဆိုတဲ့နေရာမှာ ရှေ့ဖြစ်ဟောသူအဖြစ် ဟန်ဆောင်နေပြီး သူ့ရဲ့ ကြည့်ကောင်းတဲ့ရုပ်ရည်ရယ် အပြောကောင်းမှုတွေရယ်နဲ့ ဧည့်သည်တွေကို ကောင်းကောင်း ဆွဲဆောင်နိုင်ပါတယ်။ ပိုက်ဆံကြောင့် ဒီအလုပ်ကို လုပ်နေတာဆိုပေမယ့် ရှေ့ဖြစ်လာမေးတဲ့သူတွေရဲ့ ကိစ္စတွေကို ကိုယ်တိုင်ပါဝင်ပြီး ကူညီဖြေရှင်းပေးတတ်ပါတယ်။ ဆူချော နဲ့ နမ်ဟယ်ဂျွန်းတိုက သူ့ရဲ့ ပါတနာတွေပါ။ ဆူချောက လျှိဝှက် စုံထောက်အေဂျင်စီထောင်ထားပြီး ဟန်ဂျွန်ရဲ့ ညီမဖြစ်သူ နမ်ဟယ်ဂျွန်းကတော့ ထိပ်တန်းဟက်ကာတစ်ယောက်ဖြစ်ပါတယ်။ ဟန်ဂျယ်ဟီး (Oh Yeon-Seo) ကတော့ အလုပ်သက်တမ်းသုံးနှစ်ရှိတဲ့ စုံထောက်တစ်ယောက်ပါ။သူမက အလုပ်အပေါ် စိတ်ဝင်တစားရှိပြီး မှန်ကန်နဲ့နည်းလမ်းတွေကို လိုက်နာတတ်တဲ့စုံထောက်တစ်ယောက်ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စုံထောက် ဟန်ဂျယ်ဟီးနဲ့ လူလိမ်နမ်ဟန်ဂျွန်တို တွေ့ကြတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို အပတ်စဉ် တနင်္လာ၊ အင်္ဂါနေ့တိုင်း KyiMal.TVမှာ စောင့်မျှော်ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။ Reviewed by Ruup
- Genre: Drama
- Stars: Kang Mi-na, Kwak Si-yang, Kwon Soo-hyun, Oh Yeon-seo, Seo In-guk
- Duration: min
Comment