Bora! Deborah (2023) ကြီးလေ ချောလေ နုလေ မကြာနုဆိုတဲ့ ဂုဏ်ပုဒ်ကို ရထားတဲ့ Goblin ကားထဲက မင်းသမီးချော မမ Yoo In-Na ရဲ့Come Back Drama ပြန်လာပါပြီ မင်းသား Yoon Hyun-Min အပြင် idol actor နဲ့ idol actress တွေ ဖြစ်တဲ့ 2PM အဖွဲ့ဝင် Chansung, Girl's Day အဖွဲ့ဝင် Sojin တို့ ပါဝင်ထားသေးရုံမကဘဲ iKON အဖွဲ့ဝင် Ju-ne (Koo Jun-Hoe) ရဲ့ ပထမဆုံး actor အဖြစ် ပွဲဦးထွက်ဒရမ်မာဖြစ်တဲ့အတွက် iKONIC တို့အချစ်တော် Ju-ne ရဲ့ acting skill တွေကို ပထမဆုံးမြည်းစမ်းရမယ့်ကားဆိုလည်း မမှားပါဘူး ဇာတ်လမ်းအကျဥ်းကတော့ Deborah ဆိုတဲ့ကလောင်နာမည်နဲ့ အရောင်းရဆုံး အချစ်ဝတ္ထုကို ပိုင်ဆိုင်ထားတဲ့ ကြယ်ပွင့်စာရေးဆရာဖြစ်တဲ့ အပြင် dating influencer အဖြစ်နဲ့လည်း နာမည်ကြီးတဲ့ Yeon Bo-ra Lee Soo Hyuk (Yoon Hyun-Min)ဟာ ထုတ်ဝေရေး စီစဉ်သူတစ်ယောက် မှန်းဆရခက်ပြီး တခါတလေ နွေးထွေးတယ်လို့ထင်ရပြီး တခါတလေ အေးစက်နေတက်တဲ့ သူ သူ့အတွက်တော့ အချစ်ရေးဟာ ခက်ခဲတဲ့ကိစ္စတစ်ခုဖြစ်ပြီး အချစ်ရေးရာတွေကို မျှဝေပေးနေတဲ့ Deborahကိုတော့ သဘောမကျပါဘူး အချစ်ရေးရာမှာ ဆရာမကြီးဖြစ်တဲ့ Deborahနဲ့ အချစ်ရေးဟာ သူ့အတွက်ခက်ခဲလှပါတယ်ဆိုတဲ့ လူ့ဂွစာ Lee Soo Hyuk တို့ ပတ်သတ်မိတဲ့အခါ ... Romantic-Comedy ဖြစ်တဲ့အတွက် Rom-Com ကိုမှ ကြိုက်တယ်ဆိုတဲ့သူတွေ အကြိုက်တွေ့မယ့်ကားပါ မင်းသား မင်းသမီးတွေချည်းပဲ ကြည့်နေရရင်တောင် စိတ်ချမ်းသာရမယ့်ကားမို့လို့ လက်မလွှတ်တမ်းစောင့်မျှော်ကြည့်ရှုပေးပါဦးနော် KyiMal.Tv ကနေ အပါတ်စဥ်ကြည့်ရှုနိုင်ပါပြီ Reviewed by Evelyn
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။
- Genre: Comedy, Drama
- Stars: Hwang Chan-sung, Joo Sang-wook, Ju-ne, Kim Ye-ji, Park So-jin, Yoo In-na, Yoon Hyun-min
- Duration: 70 min
Comment