Blind (2022) tvN ရုပ်သံလိုင်းက အပါတ်စဥ် သောကြာ် စနေနေ့တိုင်းမှာ ထုတ်လွှတ်သွားမယ့် Thriller, Mystery ဒရမ်မာပါ Thriller ကားတွေကြည့်ရတဲ့ကြိုက်တဲ့သူတွေအတွက် လက်လွှတ်မခံသင့်တဲ့ ကားပါပဲနော် အဓိက ဇာတ်ဆောင်တွေအနေနဲ့ 2PM အဖွဲဝင် OK TaecYeon, မင်းသား Ha Seok Jinနဲ့ အဓိက အမျိူးသမီးဇာတ်ဆောင်အနေနဲ့ Apink အဖွဲဝင် Jung Eun Ji တိုက ပါဝင်ထားပါတယ် Ryu Sung Joon(Ok Taecyeon), Ryu Sung Hoon(Ha Seok Jin) နဲ့ Jo Eun Ki(Jung Eun Ji) တို သုံးယောက်ဟာ ခုံသမာဓိအဖွဲဝင်တွေပါ နစ်နာသူအဖြစ် ပါဝင်ပတ်သတ်နေတဲ့ ကွင်းဆက်လူသတ်မှုနောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ကြမယ့်သူတွေပါ Ryu Sung Joon ဟာ လူဆိုးဖမ်းတဲ့နေရာမှာ စိတ်အားထက်သန်လွန်းလှတဲ့စုံထောက်တယောက်ဖြစ်ပြီး သူ့ရဲ့ဖမ်းဆီးမှုတွေဟာလဲ စုံထောက်တွေကြားထဲမှာ အမြင့်ဆုံးနေရာက ရပ်တည်နေပါတယ် Ryu Sung Joon ရဲ့ အစ်ကိုဖြစ်သူ Ryu Sung Hoon ဟာလဲ ဥပဒေစာမေးပွဲကို အမြင့်ဆုံးအမှတ်နဲ့အောင်မြင်ခဲ့ပြီး တရားရေးဆိုင်ရာသုတေသနနဲ့ လေ့ကျင့်ရေးကျောင်းမှာ ထိပ်တန်းဘွဲရခဲ့တဲ့သူပါ တရားမျှတပြီး ဘတ်မလိုက်တဲ့စီရင်ချက်တွေကိုသာ ချတက်တဲ့ ဖြောင့်မှတ်တဲ့တရားသူကြီးတယောက်လဲဖြစ်ပါတယ် Jo Eun Ki သူမကတော့ တရားမျှတမှုကိုမြတ်နိုးသူဖြစ်ပြီး လူမှုရေးဝန်ထမ်းတယောက်အဖြစ် ဆင်းရဲတဲ့မိသားစုကကြီးပြင်းလာရတဲ့ကလေးတွေဆီက ယုံကြည်အားထားရတဲ့ အကာကွယ်ပေးနိုင်တဲ့သူဖြစ်ဖို ကြိုးစားနေတဲ့သူတယောက်ပါ တရားမျှတမှုကို မြတ်နိုးတဲ့လူငယ်သုံးယောက်နဲ့ အမှန်တရားမျှတမှုကိုမျက်ကွယ်ပြုထားတဲ့ပြစ်မှုကျူးလွန်သူတွေထိပ်တိုက်ရင်ဆိုင်တာကို တွေ့ရမယ့်ကားပါ KyiMal.TV ကနေ အပတ်စဥ် သောကြာ် စနေနေ့တိုင်း စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ Reviewed by Evelyn
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။
- Stars: Ha Seok-jin, Jeong In-gi, Jo Yeon-hee, Jung Eun-ji, Ok Taec-yeon, Park Ji-bin
- Duration: 70 min
Comment