Bad Girlfriend (2022) ဒီ web drama လေးကတော့ ခြေရှုပ်တဲဲ ရုံးတွင်းအချစ်ဇာတ်လမ်းလေးအနေနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် Yang Ji Soo (Byeon Seo Yoon) ကြော်ငြာကုမ္ပဏီတစ်ခုက တာဝန်ခံတစ်ယောက်ဖြစ်ပြီး ရည်မှန်းချက်ကြီးမားတဲ့ Yang Jisoo က အလုပ်မှာလည်း လောဘကြီးပြီးကြိုးစားတဲ့အပြင် အချစ်ရေးမှာလည်း လောဘကြီးပြီး သဘောကျတဲ့ယောက်ျားလေးတွေဆီက အချစ်တွေအကုန်ရယူချင်တဲ့ မိန်းကလေးတစ်ယောက်ပါ Yoon Tae Oh (Park Young Woon) ကြော်ငြာကုမ္ပဏီမှာပဲ Jisoo ရဲ့အထက်လူကြီး အဖွဲမှူးဖြစ်ပြီး အများအမြင်မှာတော့ ရုပ်ချောကြည့်ကောင်းပေမယ့် လက်ပေါက်ကပ်တဲ့သူတစ်ယောက်ပါ Moon Ji Ho (Yang Hyuk) ကော်ဖီဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်နေကာ ငယ်ရွယ်ပြီး ချောမောတဲ့ Jiho ကတော့ ကော်ဖီဆိုင်မှာပဲ Jisoo နဲ့တွေ့ကာ သဘောကျမိသွားပြီးမှ Jisoo ရဲ့ကုမ္ပဏီမှာပဲ freelence desiger အဖြစ်အလုပ်လုပ်ဖို ဖြစ်လာခဲ့တာပါ Kwak Hyun Woo (Yoo Jeong Ho) Jisoo ရဲ့ ဆယ်နှစ်တာကြာအောင် ခင်ခဲ့တဲ့သူငယ်ချင်းဖြစ်ပြီး သူမရဲ့ရည်းစားအရှုပ်တော်ပုံတွေအကြောင်းကိုလည်း အကုန်သိတဲ့သူပါ Jisoo ကတော့ ရည်းစားနှစ်ယောက်နဲ့လည်းတွဲနေတဲ့အပြင် သူမရဲ့အကြောင်းတွေကို အကုန်သိနေတဲ့ သူငယ်ချင်းကောင်လေးကပါ သဘောကျလာပြီဆိုရင်တော့ Jisoo ရဲ့အချစ်ရေးကဘယ်လိုဆက်ဖြစ်ပြီး ဘယ်သူ့ကိုရွေးချယ်မလဲဆိုတာကို စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ် Reviewed by Yeun
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။
- Genre: Drama
- Stars: Byeon Seo-yoon, Park Young-Woon, Yang Hyuk
- Duration: 30 min
Comment