Ace Troops (2021) ကောင်းလျန်နဲ့ ကုရီးရယ်ဟာ သူငယ်ချင်းကောင်းတွေဖြစ်ပြီး စစ်တပ်ထဲဝင်ကတည်းက ပြိုင်ဘက်တွေဖြစ်ကြတယ် နောက်တော့ သူတို့ ကျန်းနန်ကျန်းဆိုတဲ့ မိန်းကလေးတစ်ယောက်ကို အတူချစ်မိသွားကြတယ် ဒါပေမယ့် ကုရီးရယ်ဟာ သူငယ်ချင်းသံယောဇဥ်ကြောင့် အလျော့ပေးပြီး စစ်ပွဲမှာ သေသွားတဲ့ သူတို့ခေါင်းဆောင်သမီး အားရှုံ့နဲ့လက်ထပ်လိုက်တယ် ကောင်းလျန်ဟာ စစ်သားတစ်ယောက်တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ပြီး နန်ကျန်းအပေါ်ကိုလည်း သစ္စာရှိတဲ့သူတစ်ယောက်ဖြစ်တယ် နောက်တော့ကောင်းလျန်ဟာ ယာယီတပ်မှူးအဖြစ်ပြောင်းရွှေ့ခံရပြီး စစ်သည်တွေကို လေ့ကျင့်ပေးရတယ် ကောင်းလျန်နဲ့ ကုရီးရယ်တို့ အကောင်းဆုံးတပ်မတော်ကြီးကိုဘယ်လိုတည်ထောင်ကြမလဲဆိုတာ Ace Troops ဆိုတဲ့ဇာတ်လမ်းလေးမှာကြည့်ရှုပေးကြပါဦးနော် အဓိက ဇာတ်ကောင်တွေကတော့ Huang Johny,Xiao Zhan နဲ့ Elaine Zhong တို့က ပါဝင်သရုပ်ထားတာဖြစ်ပါတယ် Reviewed by Katsumi
- Genre: Action & Adventure, Drama, War & Politics
- Stars: Elaine Zhong, Fu Chengpeng, Guan Yajun, He Zhengjun, Johnny Huang, Li Youbin, Sun Xun, Xiao Zhan, Xu Honghao, Zhang Zhijian
- Duration: 45 min
Comment