A Love Never Lost (2022) 'Go Go Squid ' ဇာတ်ကား နဲ့လူငယ်ပရိတ်သတ် တွေအကြား အသည်းစွဲဖြစ်ခဲ့ရတဲ့ သရုပ် ဆောင် LiXian ရဲ့သုံးနှစ်အကြာမှာတော့ သူ့ရဲ့ဇာတ်ကားအသစ်ဖြစ်တဲ့ ' A Love Never Lost' ထွက်ရှိလိုလာခဲ့ပါပြီ...။ ဒီကား လေးဟာဆိုရင် တော့ တရုတ်ပြည်ရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ ချင်မင်းဆက်ကိုဖြုတ်ချပြီး 1911 တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါ်ပေါက်ခဲ့တဲ့ သမိုင်းနောက်ခံဇာတ်ကား လေးတစ်ကားပဲဖြစ်ပါတယ်။ ' တိုင်းပြည်ကိုပြောင်းလဲချင်ရင် ပညာ ရေးကိုအရင် ပြောင်းလဲရမယ် ' တဲ့... တိုင်းပြည် ကမောက်ကမဖြစ်တဲ့အချိန် ပြုပြင်ပြောင်းလဲလိုစိတ်ရှိကြတဲ့ အထက်တန်းလွှာဖြစ်တဲ့လူငယ် Liang Xiang , Yang Kai Zhi နဲ့ Li Ren Jun တိုဟာ ခေတ်စနစ်ဆိုးကြီးထဲမှာ ဂျပန်ပြည်ကို ပထမဆုံးအကြိမ် စစ်သင်တန်းသွားတက်ခဲ့ကြတဲ့ လူငယ်လေးတွေပေါ့...။ ဒီလိုနဲ့သူတိုရဲ့ပညာသင်ခရီးမှာ တော်လှန်ရေးသမားတွေဖြစ်တဲ့ Yu Tian Bai , Qiu Hongတိုနဲ့ဆုံခဲ့တဲ့အချိန်ကစပြီး သူတိုငါးယောက်ရဲ့ ကံကြမ္မာတွေဟာအချင်းချင်း ချိတ်ဆက်ခဲ့ကြပါတော့တယ်... ။ တိုကျိုမှာ ပင်ပန်းကြီးစွာစစ်ပညာသင်ကြားကြရင်းနဲ့ အမြင်ကျယ်လာတဲ့ Liang Xiang တစ် ယောက် တရုတ်ပြည်ကြီး ကောင်းစား ရေးနဲ့ ယိုယွင်း နေတဲ့စစ်တပ်ကြီးပြန်အား ကောင်းလာအောင် အစွမ်းကုန်ကြိုးစားအားထုတ်တဲ့အချိန် ရှုပ်ထွေးလှတဲ့ပြဿနာတွေကို ဖြေရှင်းရင်းနဲ့မှ တိုင်းပြည်အရေးနဲ့ပတ်သက်လာရင် ၅၂၈ ချစ်ခြင်း ရော ၁၅၀၀ ချစ်ခြင်း တွေရောက ဘာမှအရေးမကြီးဘူးဆိုတာကို ပါးပါး လေးချပြထားတဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်...။ ဒီဇာတ်ကား ကို တော့ LiXian , Jessie Li တိုက အဓိကသရုပ်ဆောင်ထားကြပြီး လူငယ်ဒါရိုက်တာ Wang Wei ကရိုက်ကူး ပေးထားတာဖြစ်ပါတယ်...။ ဒီဇာတ်ကား လေးရဲ့ထူးခြားချက်က တော့ ချင်ဘုရင်ခေတ်နဲ့သမ္မတ ခေတ် ခေတ်နှစ် ခေတ်ရဲ့အဝတ်အစားဆင်ယင်မှုတွေ ၊ ပြောင်းလဲလာတဲ့ ခေတ်မီလူနေမှုစနစ်တွေကို အလင်းအမှောင် သေချာသုံးပြီး အဲ့ခေတ်ပြန်ရောက်သွားသလို ခံစားရမဲ့ ရုပ်သံဇာတ်လမ်းတွဲတစ်ခုပဲဖြစ်ပါတယ်။ ဒီကား လေးကို Hunan Satellite TV မှာ Mon to Sun တစ်နေ့နှစ်ပိုင်းနှုန်းပြသသွားမှာဖြစ်လို ဇာတ်ကားထွက်တာနဲ့ မီတိုဘာသာပြန် Team ကလည်းအမြန်ဆုံးပြန်ပြီး တင်ပေးသွားမှာမိုစောင့် မျှော်ကြည့်ရှုပေးကြပါဦးနော်...။ 🤗 Reviewed By purplewang
A Love Never Lost (2022) Ep 2
A Love Never Lost (2022) · Season 1
·
Updated On ·
Posted On · Series 
Bookmark
Server
Language
Quality
Size
Link
Comment