A Dream of Splendor (2022) Ep 6

· Updated On · Posted On · Series A Dream of Splendor (2022) · Season 1
A Dream of Splendor (2022) Ep 6
7.0/0 votes
Bookmark
Followed by 8 members

Condor Heroes (2006) ရှောင်လုံနွီ နဲ့ Condor Heroes (2014) ယန်ကောတို 2022 A dream of Splendor မှာ ဆုံပါပြီ …. လျိုယိဖေး (ခေါ်) ဂူးဂူးက ထွေထွေထူးထူး မိတ်ဆက်ပေးဖိုကို မလိုတော့ဘူး… အနုပညာလောကထဲ စဝင်ခဲ့တဲ့ ဆယ်ကျော်သက်ပုံစံက အခုထိ မပြောင်းလဲ လှမြဲလှဆဲ… ထာဝရအသက်ရှည် နုပျိုအဆင်းလှလို “လျိုယိဖေးက အသက်မကြီးတော့ဘူးလား” လို ပြောစမှတ်တွင်လောက်အောင်ပဲ… ဒီကားက the return of condor heroes (2006) အပြီး ပထမဆုံး ဖန်သားပြင်ပေါ်ပြန်လည် မြင်တွေ့ခွင့်ရတဲ့ စီးရီးတွဲမလို ဂူးဂူးဖန်တွေ အားခဲမျှော်လင့်နေတဲ့ကားလေးပေါ့… ချန်ရှောင်ဆိုတာလည်း ပေါက်စီမြေမှာ ကြယ်မျက်လုံးပိုင်ရှင်လို နာမည်ကြီးပြီး Condor Heroes ကျေးဇူးကြောင့် အချစ်စစ်နဲ့တွေ့ခဲ့ပြီး အခုထိ ရွှေလက်တွဲ ကာမြဲနေတဲ့ အားကျဖွယ် အတွဲထဲက တစ်တွဲပေါ့…. အခုလည်း 2006 ရှောင်လုနွီနဲ့ တွဲဖက်ပြီး ရိုက်တဲ့ကားမှာ တစ်ဖန် အောင်မြင်မှုထပ်ရလာမလားလို စောင့်ကြည့်ရမယ့်ကားလေးပေါ့ ကဲဇာတ်လမ်းအကျဉ်းလေးဖက် လှည့်တာပေါ့ ကျောက်ဖန်းအာ ( လျိုယိဖေး) ဟာ ဟန်ကျိုးမှာ လက်ဖက်ရည်ခန်းမ ဖွင့်ထားပြီး အောင်မြင်သူတစ်ယောက်ပေါ့…အကြောင်းတစ်ခုကြောင့် ဟန်ကျိုးကိုစွန့်ခွါပြီး ပေကျင်းဆီထွက်လာခဲ့ရင်းလမ်းမှာ … အချစ်ကိုခုတုံးလုပ်ပြီး အိမ်ထောင်ရေးဗန်းပြလှည့်စားခံခဲ့ရတဲ့ စုန့်ယင်ကျန်းနဲ့ အိမ်ထောင်ရေးဆိုသလိုပဲ အိမ်မှာအကျဉ်းကျသလို ဒုက္ခခံခဲ့ရတဲ့ စွန်းစန်းနျန်တိုနဲ့ ဆုံပြီး ညီအစ်မသဖွယ် ခင်မင်လာခဲ့တယ်… ဒီလိုနဲ့ သူတို ၃ ယောက် ပြန်းကျင်းမှာ သူတိုတတ်သိပညာတွေ အခြေခံပြီး သမာအာစီဝကျတဲ့ လုပ်ငန်းတစ်ခုကို စတင်လုပ်ဆောင်လာရာကနေ…. မြိုတော်ရဲ့ သိသိသာသာမမျှတတဲ့ ကျားမခွဲခြားမှုကြီးကို တဖြည်းဖြည်း သိမြင်လာခဲ့တယ်… အဖက်ဖက်က ထိန်းချုပ်တားမြစ်ထားတဲ့ကြားက မိန်းမသားသုံးယောက် ဘယ်လို ကြိုးစားကျော်ဖြတ်ကြမှာလဲဆိုတာ kyimal.tv က ဘာသာပြန်တင်ဆက်တဲ့အခါ ကြည့်ရင်း အဖြေလေးတွေ ဖော်ထုတ်လိုက်ကြနော်~ Reviewed

Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

Comment

Leave a Reply