Wednesday at 3:30pm (2017)
ဒီကားလေးမှာဆိုရင်တော့
ဆွန်းအွန်နူး အဖြစ် Jin Ki Joo ,
ဘဲ့ဆောင်းဂယူ အဖြစ် Ahh Bo Hyun
ယွန်းဂျယ်ဝွန်း အဖြစ် Lee Hong Bin
တိုက အဓိကပါ၀င်သရုပ်ဆောင်ထားပါတယ်
ချစ်ရတဲ့သူကထားသွားခြင်းခံရတဲ့အခါ သူ့ရဲ့နှလုံးသားကိုဘယ်လိုလုပ်ပြီးအနိုင်ယူမလဲ..
ဆွန်းအွန်နူးဟာ ဗုဒ္ဓဟူးနေ့ နေ့လည် ၃နာရီခွဲမှာ သူမရဲ့ကောင်လေး ဘဲ့ဆောင်းဂယူ ရဲ့ထားသွားခြင်းကိုခံခဲ့ရပေမဲ့သူမဟာ သူ့အပေါ်ခံစားချက်တွေရှိနေသေးပြီး သူမရဲ့ဘ၀ထဲကိုပြန်လာစေချင်ခဲ့တယ်
ထိုနေ့ညနေမှာပဲသူမရဲ့ငယ်ဘ၀ကသူငယ်ချင်း ယွန်းဂျယ်ဝွန်းနဲ့ပြန်လည်တွေ့ဆုံခဲ့ရပြီး အခြေအနေတစ်ခုကြောင့် ဆွန်းအွန်နူးရဲ့အိမ်မှာနေဖိုဖြစ်လာခဲ့ပြီး
အပြန်အလှန်အနေနဲ့ ဘဲ့ဆောင်းဂယူ ဆွန်းအွန်နူးဆီပြန်လာအောင်လုပ်ပေးဖိုသဘောတူခဲ့ပါတယ်
ဘဲ့ဆောင်းဂယူ သ၀န်တိုအောင် ဆွန်းအွန်နူးနဲ့ဟန်ဆောင်တွဲပြီး ရက်သတ္တပတ်အတွင်းအမျိုးသမီးအများစု
ပိုပြီးစိတ်ဓာတ်ကျတတ်၊အရွယ်ကျတတ်တဲ့ ဗုဒ္ဓဟူးနေ့ နေ့လည် ၃နာရီခွဲတိုင်းမှာ ဆွန်းအွန်နူးကိုအပျော်ဆုံးအနုပျိုဆုံးအမျိုးသမီးအနေနဲ့ဖန်တီးပေးပြီး
ဘဲ့ဆောင်းဂယူစိတ်ပြန်လည်လာစေဖို ယွန်းဂျယ်၀န်းတစ်ယောက်အကြံထုတ်ခဲ့ပါတယ်
ယွန်းဂျယ်၀ွန်းရဲ့ အကြံအစည်အောင်မြင်ပြီး ဘဲ့ဆောင်းဂယူတစ်ယောက်ဆွန်းအွန်နူးဆီပြန်ရောက်လာမလား ..
ဒါမှမဟုတ် ဆွန်းအွန်နူးနဲ့ ယွန်းဂျယ်ဝွန်းရဲ့ ဟန်ဆောင်အချစ်ရေးက
ပြောင်းလဲသွားမလားဆိုတာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်
Reviewed & Translated by Thu Zar(Tissity)
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။
- Genre: Comedy
- Status: Completed
- Release:
- Stars: Ahn Bo-hyun, Jin Ki-joo, Jung Chang-Hyun, Lee Hong-bin
- Duration: 21 min
- Network: SBS Plus
Comment