The Road: The Tragedy of One (2021)

· Updated On · Posted On
The Road: The Tragedy of One (2021)
9/2 votes
Bookmark
The Road: The Tragedy of One (2021)
တောင်ကိုရီးယားနိုင်ငံရဲ့ အာဏာရှိပြီး ငွေကြေးချမ်းသာတဲ့ လူတန်းစားတွေထဲကမှ 1% သောလူတွေပဲ နေနိုင်ကြတဲ့ Royal The Hill

အဲ့ဒီမှာ နေထိုင်ကြတဲ့ ဒိတ်ဒိတ်ကြဲတွေရဲ့ လျှို့ဝှက်ချက်တွေ အတောမသတ်နိုင်တဲ့ လောဘတွေနဲ့ ပြစ်မှုတွေ တစ်ခုပြီးတစ်ခု ကျူးလွန်းနေကြတဲ့ အကြောင်းတွေကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

ဒီဇာတ်ကားလေးမှာတော့ နာမည်ကျော်ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Ji Jin Hee, Yoon Se Ahနဲ့ Kim Hye Eunတို့ပါဝင်သရုပ်ဆောင်ထားပါတယ်။
နာမည်ကြီးရုပ်သံလိုင်းတစ်ခုက သတင်းတင်ဆက်သူတစ်‌ယောက် ဖြစ်တဲ့ ဘတ်ဆိုဟွန်းဟာ ပရိသတ်တွေရဲ့ ယုံကြည်လေးစားမှုကို အပြည့်အဝရထားတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဘတ်ဆိုဟွန်းဟာ ယုံကြည်ချက်ပြင်းပြပြီး သူလိုချင်တာကို မရရအောင်ယူတတ်တဲ့ သူမျိုးလဲဖြစ်တယ်။

သူရဲ့ဇနီးဖြစ်သူကတော့ နာမည်ကြီး ဂျယ်ဂန်းလုပ်ငန်းစုရဲ့ သမီးဖြစ်သူ ဆောအွန်းဆို ဖြစ်ပြီး ပန်းချီအနုပညာရှင် တစ်ယောက်လည်း ဖြစ်တယ်။ သူမရဲ့ဖခင် ဆောဂီထယ်ဟာ ငွေကြေးချမ်းသာရုံမျှမကဘဲ နိုင်ငံရေး နယ်ပယ်မှာပါ ဩဇာအာဏာရှိတဲ့သူ တစ်ယောက်ဖြစ်တယ်။ မိသားစုကို ဦးစားပေးကာကွယ်ရင်း သူမဆီမှာ ဘယ်လို အန္တရာယ်တွေ/ကံဆိုးမိုးမှောင်ကျမှုတွေ ဖြစ်လာမလဲ?
ချာဆောယောင်းကတော့ သတင်းတင်ဆက်သူတစ်ယောက်ဖြစ်ပြီး ဘတ်ဆိုဟွန်းရဲ့ ဂျူနီယာတစ်ယောက်လည်း ဖြစ်တယ်။ သူမဟာ အလှအပ၊ ငွေကြေးချမ်းသာမှု၊ အလုပ်အကိုင် အားလုံးပြည့်စုံနေပေမယ့်လဲ ရှိတာနဲ့မကျေနပ်နိုင်ဘဲ လိုချင်တပ်မက်မှုတွေများနေတဲ့ သူတစ်ယောက်ဖြစ်တယ်။

ဒီလိုမျိုး ရှုပ်ထွေးလှပြီး လောဘတွေ အတောမသတ်နိုင်ကြတဲ့ လူတန်းစားတစ်ရပ်ကြားက ပြဿနာတွေ လျှို့ဝှက်ချက်တွေ သရုပ်မှန်တွေကို တင်ဆက်ပြသသွားမယ့် The Road: The tragedy of one ဇာတ်ကားလေးကို ဆက်လက် စောင့်ကြည့်ပေးကြပါဦး…

Reviewed & Translated by Teddy Kim

Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

Gallery The Road: The Tragedy of One (2021)

Comment

Leave a Reply