The Forbidden Marriage (2022)

· Updated On · Posted On
The Forbidden Marriage (2022)
9.5/2 votes
Trailer
Bookmark

The Forbidden Marriage (2022)

Webtoon ကို အခြေခံရိုက်ကူးထားတဲ့ နန်းတွင်းဟာသကားလေးပါ

မယ်မယ်တို့ကားအပြီး နန်းတွင်းကားလဲကြည့်ချင် အလောင်လဲကင်းချင်ရင် ဒီကားသာ ကြည့်လိုက်တော့နော်

Penthouse ဇာတ်လမ်းတွဲနဲ့ နာမည်ကြီးလာတဲ့ မင်းသား Kim Young Dae နဲ့ Mouse ကားထဲက မင်းသမီး Park Ju Hyun တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်

ဇာတ်လမ်းအကျဥ်းကတော့ Lee Heon(Kim Young Dae) က ဂျိုဆွန်းဘုရင်တပါးဖြစ်ပြီး လွန်ခဲ့တဲ့ ၇နှစ် အိမ်ရှေ့မင်းသားဘဝမှာ ကြင်ယာတော် အိမ်ရှေ့မင်းသမီး သေဆုံးသွားပြီးနောက် တိုင်းပြည်အတွင်း လက်ထပ်ခြင်းကို တားမြစ်ခံရတဲ့ဘုရင်တပါးဖြစ်လာပါတော့တယ်

တနေ့မှာတော့ ဘုရင်ဟာ ကွယ်လွန်သွားတဲ့ သူ့ကြင်ယာတော်ရဲ့ဝိညဥ်က နန်းတွင်းထဲမှာရှိနေတယ်ဆိုပြီး လိုက်ဖွနေတဲ့Ye So Rang(Park Ju Hyun) အမည်ရှိ အမျိုးသမီးအကြောင်းကို ကြားပါတော့တယ်

Ye So Rang ကတော့ လူလိမ်နတ်ဆရာမတယောက်ဖြစ်ပြီး လိမ်လည်မှု့နဲ့အဖမ်းခံရစဥ် အိမ်ရှေ့မင်းသမီးရဲ့ဝိညဥ်က တကယ်ရှိကြောင်း ဘုရင်ကို ပြောပါတော့တယ်

Ye So Rang ဟာ တကယ်ပဲ အိမ်ရှေ့မင်းသမီးဝိညဥ်ကို မြင်နိုင်တာလား လိမ်နေတာလားဆိုတာ အလွဲလေးတွေနဲ့ ကြည့်ရမယ့် ပေါ့ပေါ့ပါးပါးနန်းတွင်းကားပါ

Reviewed by Evelyn

Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

Gallery The Forbidden Marriage (2022)

Comment

Leave a Reply