The Fabulous (2022)

· Updated On · Posted On
The Fabulous (2022)
9/2 votes
Trailer
Bookmark

The Fabulous (2022)

ဟော်လိုဝင်းနဲ့ သက်ဆိုင်တဲ့ ဇာတ်ကွက်တွေပါဝင်မှုကြောင့် ပြသဖို့ ရပ်နားခြင်းခံခဲ့ရတဲ့ ဇာတ်ကားလေးဟာ ရပ်နားမှု တစ်လအကြာမှာ ပြန်လည်ပြသခွင့်ရခဲ့ပါတယ်။

မပြသခင်တည်းက လူကြိုက်များနေတဲ့ ‌ဇာတ်လမ်းလေးဆိုတော့ စိတ်ဝင်စားဖို့ကောင်းမှာတော့ အသေချာပဲပေါ့။

သရုပ်ဆောင်တွေကလည်း K-pop boy group Shinee  အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ပျိုမေလေးတွေ အသည်းစွဲ သရုပ်ဆောင်ကော ရုပ်ရည်ကော အပြစ်ဆိုစရာမရှိတဲ့ Choi Min Ho က မင်းသားအဖြစ် သရုပ်ဆောင်ထားပြီးတော့ စက်ရုပ်မလေးအဖြစ် ပရိသတ်တွေသိကြတဲ့ Chae Soo Bin က မင်းသမီးအဖြစ် သရုပ်ဆောင်ထားပြီး တခြားသော သရုပ်ဆောင်ကောင်းတွေလည်း ပါဝင်ထားသောကြောင့် ကြည့်လို့ကောင်းမယ် ကားလေးတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းလေးကတော့ သူငယ်ချင်းလေးယောက်နဲ့အတူ ဖက်ရှင်လုပ်ငန်းရဲ့ အခက်အခဲတွေ  ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ဖြေရှင်းမှုလေးတွေနဲ့ ဖက်ရှင်ရသလေးကို ခံစားရမှာပါ။Ji Woo Min ကတော့ ဓာတ်ပုံလေးတွေ ပိုမိုလှပအောင် ပြုပြင်ပေးတဲ့ အလွတ်တန်း
ဓာတ်ပုံဆရာတစ်ယောက် ဖြစ်ပါတယ် ရုပ်‌ရည်ချောမောပြီး အလုပ်မှာအရည်ချင်းအပြည့်ရှိပေမဲ့ အလုပ်ကိုတော့ ဝါသနာမပါဘူး။

Pyo Ji Eun ကတော့ ငယ်စဉ်တည်းက ဖက်ရှင်နယ်ပယ်မှာ အလုပ်လုပ်ဖို့စိတ်ကူးရှိပြီတော့ နာမည်ကြီးထုတ်ကုန်ပစ္စည်းတွေရဲ့ မားကတ်တင်းတာဝန်ခံအဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။

ဖက်ရှင်လောကအကြောင်းနဲ့ သူငယ်ချင်းတွေကြားက သံယောဇဉ်၊ဝူမင်နဲ့ ဂျီအွန်းတို့ နှစ်ယောက်ကြားက နှလုံးသားရေးအရှုပ်တော်ပုံကလည်း ပြေလည်သွားမလား ဘာဆက်ဖြစ်မလဲဆိုတာကို စိတ်လှုပ်ရှားစွာ
Kyimal.tv မှာ စောင့်မျှော်ကြည့်ရှုလို့ရပြီ‌နော်။

Reviewed by DiLay

Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

Gallery The Fabulous (2022)

Comment

Leave a Reply