The Director Who Buy Me Dinner (2022)
Fujoshi လေးတွေအကြိုက်တွေစေမဲ့ Korea bl ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။webtoon ကိုမှ ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ ကားလေးဖြစ်ပါတယ်။
ဇာတ်လမ်းလေးကတော့ လွန်ခဲ့သောနှစ်ပေါင်းသုံးရာလောက်က ကျိန်စာမိခဲ့တဲ့ ကောင်လေးတစ်ယောက်ဟာ ဘဝအဆက်ဆက် အတိတ်က မှတ်ဉာဏ်များနဲ့မိမိချစ်ရသူကို ရှာပြီး ချစ်ခဲ့ကြပါတယ်၊ဒီလိုနဲ့ လေးဘဝမြောက်ကို ရောက်တဲ့အခါမှတော့ မိမိ ချစ်ရသူဟာ မိမိကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ လက်အောက် ဝန်ထမ်းဖြစ်တဲ့အပြင် မိန်းကလေး မဟုတ်ဘဲ ကောင်လေးအဖြစ် ရှာဖွေတွေ့ရှိခဲ့ပါတော့တယ်။
တစ်ဖက်မှာလည်း ဝန်ထမ်းသစ်လေးက မိမိအပေါ်မှာ ထူးဆန်းတဲ့ ဒါရိုက်တာနဲ့ ဘယ်လိုရှေ့ဆက်မလဲ၊ အတိတ်ဘဝက ချစ်သူနဲ့ ချစ်မိမှ ကျိန်စာပြေမှာဖြစ်ပေမဲ့ ကောင်လေးဖြစ်နေတော့ ဖူးစာစုံဦးမှာလား ဒါမှမဟုတ် ကံကြမ္မာက သတ်မှတ်ပေးထားတဲ့အတိုင်း ချစ်သွားကြမလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ ကားကောင်းလေးဖြစ်ပါတယ်။
Reviewed by DiLay
- Status: Ongoing
- Release:
- Duration: min
- Network: iQiyi
Comment