Reborn Rich (2022)

· Updated On · Posted On
Reborn Rich (2022)
5/1 votes
Trailer
Bookmark
Followed by 7 members

Rebron Rich (2022)

အခုတစ်ခါ မိတ်ဆက်ပေးဖို့ အလှည့်ကျလာတဲ့ ဇာတ်ကားလေးကတော့ descendants of the sun ဇာတ်ကားလေးနဲ့ ပရိတ်တွေရဲ့ အသည်းနှလုံးကို
သိမ်းပိုက်သွားတဲ့ မင်းသား Song Joong Ki ရဲ့ ကားသစ်လေးဖြစ်ပါတယ်။

ဇာတ်ကြောင်းလေးကတော့ ယွန်းဟွန်းဝူဟာ ဂျင်မိသားစုနဲ့ ဆွန်းယန်ကုမ္ပဏီကြီး‌အပေါ်မှာ အရမ်းကိုမှ ယုံကြည်အားထားရပြီး သစ္စာရှိတဲ့ အတွင်းရေးမှူးတစ်ယောက်ဖြစ်ပါတယ်။

တစ်နေ့မှာ သူသစ္စာစောင့်သိတဲ့ မိသားစုရဲ့ နောက်ကျောကိုဓားနဲ့ထိုးခံရပြီး အသက်သေဆုံးသွားခဲ့ရပေမဲ့ ကံကြမ္မာက သူ့ကိုအခွင့်ရေးနောက်တစ်ကြိမ်ပေးပြီးတော့ ဂျင်မိသားစု အငယ်ဆုံးသာ ခန္ဓာကိုယ်မှာ နှိုးထလာခဲ့ပါတော့တယ်။

သူရဲ့သေဆုံးမှု အကြောင်းကို သိနေတဲ့အတွက် လက်စား‌ချေဖို့ကြိုးစားပါတော့တယ်၊တစ်ဖက်မှာလည်း အဂတိလိုက်စားတိုက်ဖျက်ရေး အမှုစစ်မလေး ဆောမင်‌ယောင်ကရော ဆွန်းယန်ကုမ္ပဏီကြီးရဲ့ အကျင့်ပျက်ခြစားမှုတွေကို ဘယ်လိုမျိုးဖော်ထုတ်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမယ့် ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။

ဒီကားလေးကတော့ အပိုင်း(16)ပိုင်း ပါဝင်မှာ ဖြစ်ပြီးတော့ အပတ်စဉ် သောကြာ၊စနေ၊တနင်္ဂနွေနေ့ရက်များမှာ ပြသသွားမှာဖြစ်ပါတယ်။

ဒီကားလေးကို ကြည့်ချင်တယ်ဆိုရင် kyimal.tv ကနေ ကြည့်ရှုလို့ရပါပြီရှင့်။

Reviewed by DiDi

Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

Gallery Reborn Rich (2022)

Comment

Leave a Reply