Prosecutor Princess (2010)

· Updated On · Posted On
Prosecutor Princess (2010)
6.9/6 votes
Bookmark

Prosecutor princess (2010)

အလှအပကို စိတ်ဝင်စားတဲ့ မာဟယ်ရီဟာ အဖေ့ရဲ့ ဖိအားပေးမှုကြောင့် ရှေ့နေအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ရပါတယ်။

အလှအပကို စိတ်ဝင်စားတဲ့လူ ဖြစ်တဲ့အလျှောက် ရှေ့နေလုပ်ရာမှာလည်း အချိုးမပြေခဲ့ဘူးပေါ့။တစ်ရုံးလုံးက အမြင်ကတ်ပြီး အလုပ်တွဲမလုပ်ချင်ကြတဲ့ မာဟယ်ရီကို တစ်ဖတ်သတ်ကြိုက်နေတဲ့ ကောင်လေးလည်း ရှိပါသေးတယ်။

သူဟာ အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ လိုအပ်တာတွေကို ကူညီပေးရင် မာဟယ်ရီနားမှာ ဝဲဝဲလည်နေတာပေါ့။မာဟယ်ရီကတော့ ဒါကိုမသိခဲ့ဘဲ သူတို့ရုံးခန်းက ရှေ့နေကိုသာ စိတ်ဝင်စားနေပါတယ်။

တစ်ဖက်သတ်ကြိုက်နေတဲ့ကောင်လေးကရော မာဟယ်ရီကိုဘာကြောင့် ချဥ်းကပ်ခဲ့တာလဲ….

မာဟယ်ရီရဲ့ အလှအပစိတ်ဝင်စားမှုကြောင့် ရှေ့နေရော သေချာဖြစ်ပါ့မလား…

ဘယ်လို အလွဲတွေကို ဖန်တီးဦးမလဲဆိုတာကို..

ပြီးတော့ မင်းသမီးကတခြားမဟုတ်ဘူးနော် ရှင်တို့ရဲ့ အချစ်တော် ချောင်းချောင်းပါ သူ့ရဲ့မတူတဲ့ဇာတ်ရုပ်တစ်မျိုးကို မြင်တွေ့ရမှာဖြစ်လို့ Kyimal.tv ပရိတ်သတ်တွေ သဘောကျမယ်လို့ မျှော်လင့်ပါတယ်

Reviewed & Translated by May Yu

Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

Gallery Prosecutor Princess (2010)

,

Comment

Leave a Reply