Police University (2021)
ခုလတ်တလော ထွက်ရှိထားတဲ့ Police University ကားလေးကို ဘာသာပြန်ဖို့ ရွေးချယ်ထားပါတယ်
Police University မှာ main lead တွေအနေနဲ့ My Sassy Girl ,Team Bulldog ထဲက ဝါရင့်သရုပ်ဆောင်မင်းသားကြီး Cha Tae Hyun
My first first love နဲ့ Moonlight drawn by clouds ထဲက မင်းသားလေး Jin Young (B1A4 member)
Search sweet and sour က မင်းသမီးလေး Krystal တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။
အသက် ၁၀နှစ်မှာ သူ့မိဘတွေ ကားတိုက်မှုနဲ့ ကွယ်လွန်သွားပြီးနောက်ပိုင်း Hackingက ဂန်ဆောင်းဟိုရဲ့ဘ၀မှာ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်လာခဲ့တယ်။ သူ့မွေးစားဖခင်ရဲ့ ကင်ဆာကုသဖို့အတွက် သူရဲ့ ပြောင်မြောက်လှတဲ့ hackingစွမ်းရည်ကို တရားမ၀င်လောင်းကစားငွေတွေကို ခိုးယူရာမှာ အသုံးချခဲ့တယ်
တစ်နေ့မှာ အိုဂန်ဟီးဆိုတဲ့ ဂျူဒိုကစားသမားကောင်မလေးနဲ့ ၀င်တိုက်မိပြီး မြင်မြင်ချင်းချစ်မိသွားခဲ့တဲ့နောက် အိုဂန်ဟီးနဲ့တက္ကသိုလ်တစ်ခုထဲ အတူတက်ခွင့်ရဖို့အတွက် ရဲတက္ကသိုလ်ကို ၀င်ခွင့်ရဖို့ ကြိုးစားခဲ့ပါတော့တယ်
တစ်ဖက်မှာ လူဆိုးဖမ်းဖို့ကိုစိတ်ရောကိုယ်ပါနှစ်ပြီး အလုပ်ကြိုးစားခဲ့တဲ့ စုံထောက်တစ်ယောက်ဖြစ်တဲ့ ယူဒုံမန်းဟာလည်း ရဲတက္ကသိုလ်မှာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ဖို့ဖြစ်လာခဲ့တယ်
ရာဇဝတ်မှုတွေကျူးလွန်ခဲ့ဖူးတဲ့ ဂန်ဆောင်းဟိုတစ်ယောက် အိုဂန်ဟီးနဲ့ နီးစပ်ဖို့ရာအတွက် ရဲတက္ကသိုလ်ကို ဘယ်လို ဝင်ခွင့်ရအောင်ကြိုးစားခဲ့သလဲ
စုံထောက်ဟောင်းဖြစ်တဲ့ ပါမောက္ခယူဒုံမန်းနဲ့ ဂန်ဆောင်းဟိုတို့ ရဲတက္ကသိုလ်မှာတွေ့ပြီး ဘယ်လိုအခြေအတင်ဆက်ဖြစ်ကြမလဲ
ဂန်ဆောင်းဟိုနဲ့ အိုဂန်ဟီးတို့ရဲ့အချစ်ရေးကရော ရှေ့ဆက်ပြီး ဘယ်လိုဖြစ်ကြမလဲ ဆိုတာတွေကို romance နဲ့ ဟာသလေးနှောပြီးရိုက်ကူးထားတဲ့ Police University drama လေးကို KyiMal.Tv မှာစောင့်မျှော်အားပေးကြပါအုံးနော်
Reviewed and Translated By WIND & Rebilli
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။
- Genre: Comedy, Crime, Drama
- Status: Completed
- Release:
- Stars: Cha Tae-hyun, Choi Yi-Sun, Choo Young-woo, Hong Soo-hyun, Jung Jin-young, Kang Shin-il, Krystal Jung, Lee Jong-hyuk, Seo Ye-hwa, Yoo Young-jae
- Duration: 62 min
- Director: Yoo Kwan-mo
- Country: KR
- Quality: 720p
- Network: KBS2, wavve
Comment