Payback: Money and Power (2023)

· Updated On · Posted On
Payback: Money and Power (2023)
7/3 votes
Trailer
Bookmark

Payback: Money and Power (2023)

My Mister ဇာတ်ကားမှာ (IU)လေးနဲ့  အတူတွဲဖက် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Lee Sun Kyun ရဲ့ အသစ်ထွက်လာတဲ့ ကားသစ်လေးဖြစ်ပါတယ်။

ရိုမန်တစ်ဆန်တဲ့ ဇာတ်ကွက်တွေထက် ဘဝဇာတ်ကြောင်းနဲ့ အက်ရှင် သည်းထိပ်ရင်ဖို ဇာတ်ကားတွေကို ရိုက်ကူးတဲ့မင်းသားဖြစ်တဲ့အတွက်ကြောင့် အခုတစ်ခေါက်မှာလည်း Thriller/Mystery အပြင် စီးပွားရေး လုပ်ငန်းတွေအကြောင်းပါ ပါဝင်နေတဲ့အတွက် ဇာတ်အိမ်ကောင်းကောင်းနဲ့ စိတ်လှုပ်ရှားဖွယ်ကြည့်ရမဲ့ ကားကောင်းလေးဖြစ်မှာ အသေချာပဲပေါ့နော် ။

တွဲဖက်မင်းသမီးကလည်း အက်ရှင်ကားကောင်းတွေဖြစ်တဲ့ Criminal Minds  ၊Flower of Evil ဇာတ်ကားတွေ ရိုက်ကူးခဲ့တဲ့ အက်ရှင်ကော ရိုမန်တစ်ဆန်တဲ့  ဇာတ်ကောင်ကိုရော ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီး Moon Chae Won ပဲဖြစ်ပါတယ်။

ဇာတ်လမ်းလေးကတော့ လူမိုက်ဘဝနဲ့ စတင်ပြီး ထောင်ထွက်ပြီးနောက် စီးပွားရေးလုပ်ငန်းထဲ လက်ပစ်ကူးဝင်တဲ့ အွန်ယုံးက စီပွားရေးသမားတွေရဲ့ ယုတ်မာတဲ့ လှည့်ကွက်နဲ့ ဉာဏ်ဆင်မှုတွေကနေ ဘယ်လို လက်တုံပြန်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ကားလေးဖြစ်ပါတယ်။ ဒီကားလေးကို ကြည့်မယ်ဆိုရင် အပတ်စဉ် သောကြာ၊စနေနေ့တွေမှာ Kyimal.tv ကနေ စောင့်မျှော်ကြည့်ရှုလို့ရပါပြီနော်….

Reviewed by DiLay

Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

Gallery Payback: Money and Power (2023)

Comment

Leave a Reply