Oh My Assistant (2022) (Korea BL)
ကဲ အခုတစ်ခါ မိတ်ဆက်ပေးဖို့ အလှည့်ကျလာတဲ့ကားလေးကတော့ fujoshiလေးတွေ အသည်းစွဲ Korea BL ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
(ဆွန်းဟို)ကတော့ adult webtoons ရေးဆွဲတဲ့ စာရေးဆရာလေးပေါ့ adult webtoons ရေးပြီး ပိုက်ဆံရှာရတာက အလွယ်ဆုံးအလုပ်လေး တစ်ခုပေါ့
သူရေးဆွဲတဲ့ webtoons တွေက နာမည်ကြီးလာတာနဲ့အမျှ ဘေးထွက်ဆိုးကျိုးတစ်ခုလည်း ရှိလာခဲ့ပါတယ် အဲ့တာကြောင့် လက်ထောက်တစ်ယောက်ကို ခေါ်ဖို့ စဉ်းစားခဲ့ပါတယ်။
လက်ထောက်လေး မူယောင်းကတော့ ဆွန်းဟိုရဲ့ အမာခံပရိတ်သတ် ဖြစ်နေတဲ့အခါ တက်တက်ကြွကြွရှိတဲ့ လက်ထောက်လေးနဲ့ စာရေးဆရာတို့ကြား ဘယ်လိုမျိုး ချိုမြိန်သော အချစ်ဇာတ်လမ်းလေး ပေါက်ဖွားလာမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ webdrama ကားလေးတစ်ကားဖြစ်ပါတယ်။
ဒီကားလေးကတော့ တစ်ပတ်မှ ကြာသပတေး၊ သောကြာ နှစ်ရက်ပြသမှာဖြစ်လို့ kyimal.tv ကနေ စောင့်ကြည့်လို့ရပါပြီးရှင့်။
Reviewed by DiDi
- Status: Ongoing
- Release:
- Duration: min
Comment