Oasis (2023)

· Updated On · Posted On
Oasis (2023)
7.0/0 votes
Trailer
Bookmark
Followed by 1 members

Oasis (2023)

ဒီနေ့ မိတ်ဆက်ပေးချင်တဲ့ကားသစ်လေးကတော့ The Tale Of Nokdu ဇာတ်ကားထဲမှ မုဆိုးမလေးဂင်အဖြစ် လူသိများခဲ့တဲ့ မင်းသား(Jang Dong Yoon)၊A Business Proposal ဇာတ်ကားထဲက ဂျင်ယောင်းဆော့(Seol In Ah)တို့နှင့်အတူ Once Upon A Small Town ဇာတ်ကားထဲမှာ Joy နဲ့ အတွဲညီညီသရုပ်ဆောင်ခဲ့တဲ့ မင်းသား (Choo Young Woo) တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ကားသစ်လေးပဲဖြစ်ပါတယ်၊ ကျရာ‌ဇာတ်ရုပ်ကိုပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ တကယ့်သရုပ်ဆောင်ကောင်းများစွာနဲ့ ရိုက်ကူးထားတာကြောင့် မကောင်းမှာကို စိတ်ပူနေစရာ မလိုတဲ့ ဇာတ်ကားလေးဖြစ်မှာ အသေချာပဲနော်။

ကဲ အဲ့ဆိုလည်း ဇာတ်လမ်းအကျဉ်းလေးကို စပြောလိုက်ရအောင် 80-90ခုနှစ်ရဲ့ ကိုရီးယားနိုင်ငံရဲ့ ပုံစံ ခေတ်အခြေအနေကို နောက်ခံထားတဲ့ ဇာတ်ကားဖြစ်ပြီး အဲ့ခေတ် အဲ့အခါရဲ့ အာဏာနဲ့ ငွေကြေးချမ်းသာမှုကို နည်းလမ်းပေါင်းစုံမရွေး ရှာဖွေဖို့ကြိုးစားတဲ့ လူငယ်လေးတွေရဲ့ ခက်ခဲကြမ်းတမ်းသောဘဝ၊နိုင်ငံရေး ပဋိပက္ခများကို ရိုက်ကူးပြထားတဲ့ကားလေးဖြစ်ပါတယ်။

အီဒူဟတ်ကတော့ ဂျော်လာဒိုခရိုင်မှာ မွေးဖွားလာပြီးတော့ ရိုးသားအပြစ်ကင်းပြီး ထက်မြတ်တဲ့ ဦးနှောက်ကို ပိုင်ဆိုင်ထားတဲ့သူ ဖြစ်ပါတယ်၊ ဘယ်လောက်ပဲရိုးသားတယ် ပြောပြော ကံကြမ္မာအလှည့်အပြောင်းကြောင့် လူမိုက်လူဆိုးဖြစ်လာသည့်အပြင် ဖခင်ရဲ့ တရားမျှတမှု မရှိတဲ့ သေဆုံးမှုအတွက် သွေးကြွေးပြန်ဆပ် လက်စားချေဖိုအရေး ကြိုးပမ်းနေတဲ့သူဖြစ်လာပါတော့တယ်၊ 90ခုနှစ်ရဲ့ အပြင်အဆင် ၊နိုင်ငံရေး ပဋိပက္ခ၊ လက်စားချေမှုစတဲ့ စိတ်လှုပ်ရှားဖွယ် ဇာတ်ကွက်တွေပါဝင်တာကြောင့် Kyimal ပရိသတ်လေးတွေ လက်လွှတ်မခံသင့်ဘူးနော်…

ဒီကားလေးကိုတော့ အပတ်စဉ် တင်္နလာနေ့နဲ့အင်္ဂါနေ့များမှာ Kyimal.tv ကနေ စောင့်မျှော်ကြည့်ရှုလို့ရလို့ ရပါပြီနော်…

Reviewed by DiLay

Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

Gallery Oasis (2023)

Comment

Leave a Reply