My Sunshine (2015)
တက္ကသိုလ်တက်ဖို့လာတဲ့ ပထမနေ့မှာပဲ “ကျောက်မော့ရှန်း” ဟာ ဥပဒေကျောင်းသားလေး “ဟော်ရီချန်း”ကို မြင်မြင်ချင်း ချစ်မိသွားပါသတဲ့။ အမျိုးမျိုးအဖုံဖုံ တိုက်ဆိုင်မှုတွေကိုသုံးပြီး “ကျောက်မော့ရှန်း”ဟာ “ဟော်ရီချန်း”ကို နောက်ကနေ တကောက်ကောက် လိုက်ပါတော့တယ်။ “မော့ရှန်း”ရဲ့ တောက်ပပြီး နှစ်လိုဖွယ်ကောင်းတဲ့ စိတ်ဓာတ်နဲ့ အပြုအမူလေးတွေကြောင့် “ရီချန်း”ဟာ ယိမ်းယိုင်လို့ လာပါတော့တယ်
“ရီချန်း” ရဲ့ မွေးစားညီမ “ရီမိန်”က မိမိတို့ သွေးသားမတော်စပ်မှုကိုသာမက “ရီချန်း” ကို မောင်နှမထက်ပိုတဲ့အချစ်နဲ့ ချစ်နေကြောင်း “မော့ရှန်း”ကို ရင်ဖွင့်ပြောပြလာပါတယ် ဒါကို “မော့ရှန်း”က “ရီချန်း”ကို ရှင်းပြဖို့တောင်းဆိုခဲ့ပေမဲ့ ထင်မှတ်မထားတဲ့ အေးစက်စက်တုန့်ပြန်မှုကို သာရခဲ့ပါတယ်။ “ရီချန်း”နဲ့ “ရီမိန်”တို့ကို ချစ်သူတွေဖြစ်နေပြီလို့ ထင်မှတ်ပြီး “မော့ရှန်း”ဟာ ဖခင်ရဲ့ အစီအစဉ်အတိုင်း အမေရိကကိုသွားရောက် ပညာသင်ခဲ့ပါတယ်
ခုနစ်နှစ်အကြာ ရည်မှန်းချက်အတိုင်း တန်းဝင်ဓာတ်ပုံဆရာမတစ်ဦးဖြစ်လာတဲ့ “မော့ရှန်း” ဟာ အမိနိုင်ငံကို ပြန်လာခဲ့တဲ့နောက် နှစ်တွေကြာသည့်တိုင်အောင် တစ်ခါမှ မေ့မရနိုင်ခဲ့တဲ့ “ရီချန်း”နဲ့ အမှတ်မထင် ပြန်လည်တွေ့ဆုံခဲ့ပါတယ်
နှစ်တွေကြာသည့်တိုင်အောင် တောက်လောင်နေဆဲ၊ ကြီးထွားနေဆဲ ချစ်ခြင်းတရားကပဲ အနိုင်ရမှာလား မွေးစားညီမ “ရီမိန်”၊ “မော့ရှန်း” ရဲ့ အမေရိကက လက်ထပ်မင်္ဂလာ၊ တမ်းတမ်းစွဲချစ်နေဆဲ ခင်ပွန်းဟောင်း “ရင့်ဟွေး”၊ ဖခင်တွေကြားက ငွေကြေးအာဃာတ စတဲ့အရာတွေကပဲ သူတို့ကို လောင်မြိုက်အနိုင်ယူသွားမှာလား နားလည်မှုအလွဲတွေနဲ့ စိန်ခေါ်မှုအသစ်သစ်တွေကို ကျော်လွှားရခြင်းက နှစ်ပေါင်းများစွာကြာအောင် လွဲချော်ခဲ့ရတဲ့ သူတို့ရဲ့ချစ်ခြင်းတရားကို ပိုမိုပေါ်လွင်လာစေမလားဆိုတာကိုတော့ ဒီ “My Sunshine” ဆိုတဲ့ နာမည်ကြီး romantic drama series ကို kyimal.tv မှာ ကြည့်ရှုနိုင်ပါပြီနော်
အဓိကဇာတ်ဆောင်မင်းသားနဲ့ မင်းသမီးများအဖြစ် အထူးမိတ်ဆက်စရာမလိုတဲ့ Wallace Chung (“ဟော်ရီချန်း” အဖြစ်) နဲ့ Tiffany Tang (“ကျောက်မော့ရှန်း” အဖြစ်) တို့က သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်
Reviewed by L
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။
- Genre: Drama
- Status: Completed
- Release:
- Stars: Janice Wu, Lin Peng, Luo Yunxi, Mi Lu, Tan Kai, Tang Yan, Wallace Chung, Yang Le
- Duration: 45 min
- Director: Chun Chieh Liu
- Country: CN
- Quality: 1080p
- Network: Dragon TV, Jiangsu Television
Comment