More Than Blue (2021)
ဒီဇာတ်ကားလေးထဲမှာတော့ အဓိကဇာတ်ဆောင်အနေနဲ့ ကျန်းကျယ်ခိုင် K နဲ့ စုန့်ယွမ်ယွမ် Cream တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကို အခြေခံထားပါတယ်။ဒီဇာတ်လမ်းရဲ့ Kနဲ့ Cream ဖြစ်ပေါ်လာပုံက အဆိုတော် အားလင်က သူရဲ့ သီချင်းခွေ အတွက် အဓိက သီချင်းကို ရွေးတဲ့အချ်န်မှာ K ရေးထားခဲ့တဲ့ သီချင်းကို အရမ်းကြိုက်သွားပြီး အဲ့သီချင်းရဲ့ မူပိုင်ခွင့်ကို ရှာပုံတော် ဖွင့်ကြတာကို ရိုက်ကူးထားတာဘဲ ဖြစ်ပါတယ်။
K နဲ့ Cream နှစ်ယောက်လုံးက သူတို့ ကျောင်းသား ဘဝမှာပဲ သူတို့ရဲ့ မိသားစုကို ဆုံးရှုံးလိုက်ရပါတယ်။
K တို့မိသားစုလည်း ဆေးရုံစရိတ် ယာဉ်တိုက်မှုအတွက် လျော်ကြေးတွေနဲ့ အဆင်မပြေမှုများစွာနဲ့ ရုန်းကန်ခဲ့ရပါတယ်။ အဲ့အချိန်မှာ K ရဲ့ ဘဝထဲကို ဝင်လာတဲ့သူက Cream ဘဲဖြစ်ပါတယ်။K နဲ့ Cream တို့ တစ်ကောင်ကြွက်နှစ်ယောက် တစ်ဦးနဲ့တစ်ဦးမှီခိုပြီး နေထိုင်ခဲ့ကြပြီး K ကလည်း သူကြိုက်တဲ့ ဂီတနဲ့ သီချင်းရေးတဲ့အလုပ်ကို လုပ်ခဲ့ပါတယ်။
အဲ့လို K နဲ့ Cream တို့ ပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ပေမဲ့ သူတို့ ဘယ်လို ကံတရားတွေနဲ့ ရင်ဆိုင်ရမလဲ။ သူတို့နှစ်ယောက်ကြားထဲမှာ ဘာတွေဆက်ဖြစ်ကြမလဲ။ အဲ့သီချင်းရဲ့ မူပိုင်ခွင့်ကရော ဘယ်သူ့ဆီမှာလဲ။ အဲ့မူပိုင်ခွင့်ကိုရော နောက်ဆုံးမှာ ရှာတွေ့ပြီး K ရဲ့သီချင်းကို ဆိုနိုင်မလားဆိုတာကိုသိချင်ရင် ဒီဇာတ်လမ်းလေးကို အစအဆုံး ကြည့်ရှုလိုက်ပါနော်
Reviewed & Translated by Jiang.Y.Yue and Thinzar
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။
- Genre: Drama
- Status: Completed
- Release:
- Stars: Fandy Fan, Figaro Tseng, Gingle Wang, Ivy Shao, Wang Bo-chieh, Yao Yi Ti
- Duration: 45 min
- Director: Hsieh Pei-Ju
- Country: SG
- Quality: 1080p
- Network: Netflix
Comment