Heroes (2022)

· Updated On · Posted On
Heroes (2022)
7.0/0 votes
Bookmark
Followed by 9 members

‘ Heroes (2022) ‘

ဒီတစ်ခါမှာတော့ KyiMal က နေ ကြည့်ရှုသူပရိတ်သတ် တွေအတွက် 2022အသစ်ထွက် ‘ Heroes ‘ဆိုတဲ့ Wuxia Series သစ်တစ်ခုနဲ့မိတ်ဆက် ပေးချင်ပါတယ်…။

ဝမ်ရှောင်ရှီ ( Joseph Zheng )ဆိုတဲ့စိတ်ထားဖြူစင်လှတဲ့ လူငယ်လေးတစ်ယောက် သူ့ဆရာဖြစ်သူရဲ့ ခိုင်းစေမှုတစ်ခုကြောင့် တောင်အောက်ဆင်းလာတဲ့ အချိန် မမျှော်လင့်ဘဲ
သိုင်းလောကသားတွေရဲ့ လိုက်လံနှောင့်ယှက်ခြင်း ခံရပါတော့တယ် ။

ဒီလိုနှောင့်ယှက်ခံရတဲ့ အကြောင်းရင်းကို သိရှိသွားချိန်မှာတော့ ဒီအရာကိုသူကာကွယ်နိုင်ပါ့မလားဆိုတာ ပရိတ်သတ်ကြီးအတွက် ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့
သိုင်း လောကစွန့်စားခန်းဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်

ဒီဇာတ်ကား လေးထဲမှာဆိုရင် တော့ ငယ်ရွယ်ပြီး အောင်မြင်ကျော်ကြားမှုကိုလိုချင်တဲ့ ပိုင်ချိုး ဖေး အဖြစ် (Liu Yu Ning), ထက်မြက်ပြီးလွတ်လပ်မှုကိုမြတ်နိုးတဲ့ အမတ်ကြီးရဲ့သမီး ဝိန်းရုံအဖြစ် ( Yang Chao Yue) နဲ့

အဲ့ဒီအချိန်က သိုင်းလောကနံပါတ်တစ်လိုကျော်ကြားနေတဲ့ စူးမုန့်ကျန်အဖြစ် (Baron Chen) တို့က အဓိကဇာတ်ဆောင်တွေအဖြစ်နဲ့ ပါဝင်ထားပြီးတော့

Support Role အနေနဲ့ကလည်း ဝါရင့်သမ္ဘာရင့်ဇာတ်ဆောင်တွေအများကြီးပါဝင်ထားတာမိုမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်..။

ဒုစရိုက်မှု တွေအပြည့်နဲ့ မြိုတော်ကြီးမှာ နာမည်ကြီးဂိုဏ်းနှစ်ဂိုဏ်းကြားက ရှုပ်ထွေးလှတဲ့ပြဿနာတွေကို သူတို့ သူငယ်ချင်းသုံးယောက် ရင်ဆိုင်ဖြေရှင်းသွားနိုင်ပါ့မလား…

သူငယ်ချင်းဖြစ်သူ ပိုင်ချိုးဖေးနဲ့ သူနဲ့ကြားက မိတ်ဆွေဆက်ဆံရေးကရော ခိုင်မြဲနိုင်ပါ့မလား ၊

ဝိန်းရုံနဲ့သူ့ကြားက အချစ်ပန်းလေးကရောပွင့်ဖူးလာမလား ဆိုတာကို သိုင်းလောကတိုရဲ့ထုံးစံအတိုင်း အမိုက်စားအက်ရှင်ခန်းတွေ သိုင်းချခန်းတွေနဲ့ အသည်းတယားယား ကြည့်ရှုရမဲ့ကားလေးဆိုလည်းမမှားပါဘူးနော် ။

နောက်ဆုံးအနေနဲ့ စိတ်ထားဖြူစင်လှတဲ့ ဝမ်ရှောင်ရှစ်တစ်ယောက် သိုင်းလောကရဲ့ ကောက်ကျစ်ယုတ်မာမှုတွေနဲ့ ထိုးနှက်ချက်တွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းပြီး
သိုင်းလောကသူရဲကောင်းတစ်ယောက်ဖြစ်လာမလဲဆိုတာကို KyiMal.TV ကနေ ဘာသာပြန်တင်ဆက်ပေးသွားမို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်

Review by purplewang

Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

Gallery Heroes (2022)

Comment

Leave a Reply