Herb (2007)

¡ Updated On ¡ Posted On
Herb (2007)
7.4/4 votes
Bookmark
Followed by 6 members

🌿၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ herb ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးကဝော့ ထူးခြားချက်တွေနဲ့ ပြည့်နေပြီး
အမေတစ်ခု သမီးတစ်ခု ဘ၀နဲ့ ရှင်သန်နေရတဲ့ ဆန်းအွန်းဆိုတဲ့ ကောင်မလေးနဲ့ ဂျုံဘွန်းဆိုတဲ့ ရဲ၀န်ထမ်းလေးတို့ရဲ့
မေတ္တာဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်

🌿ဆန်းအွန်းဆိုတဲ့ လှပတဲ့ ကောင်မလေးဟာ နတ်သမီး ပုံပြင်လေးတွေကို ကြိုက်နှစ်သက်ပေမယ့် ကိုယ်ပိုင်
အတွေးခေါ်နဲ့ လက်တွေ့ကျကျစဉ်းစားတတ်တဲ့ ကောင်မလေးဖြစ်ပါတယ် ဆန်းအွန်းဟာဆိုရင် စက္ကူလေးတွေကိုလည်း ကျွမ်းကျင်စွာ ခေါက်နိုင်ပါသေးတယ်
သူ့ရဲ့ အထူးခြားဆုံးအချက်ကတော့ ဆန်းအွန်းက အသက်၂၀အရွယ်ရှိနေပေမယ့် သူ့ရဲ့ တွေးခေါ်ပုံက ၇နှစ်သမီးအရွယ်လို ဖြစ်နေတာပါ

🌿တစ်နေ့မှာတော့ ရဲ၀န်ထမ်းဂျုံဘွန်းနဲ့ တွေ့ဖို့အကြောင်းဖန်လာပြီး
နှစ်ဦးသား သံယောဇဉ် တွယ်သွားပါတော့တယ်

ဒါပေမယ့် ဂျုံဘွန်းက ဆန်းအွန်းရဲ့ အခြေအနေမှန်ကို မသိခဲ့ဘဲ
ချစ်မိသွားခဲ့ပါတယ်

နောက်ပိုင်း ဆန်းအွန်းရဲ့ အခြေအနေအမှန်ကို သိသွားချိန်မှာတော့
ဂျုံဘွန်းက ရှေ့ဆက်တိုးမလား…
ဆန်းအွန်းရဲ့ ဘ၀မှာရော ဘာတွေကြုံတွေ့ရမလဲ ဆိုတာကို
ဖြူစင်တဲ့ မေတ္တာတရားကို အခြေခံပြီး ကြည့်ရှုရမှာမို့ kyimal.tv ကနေကြည့်လိုက်ရအောင်နော်

Reviewed &Translated by Winnie

Gallery Herb (2007)

Comment