Prosecutor Princess (2010)
720p IMDb: 6.9 Genre: Drama

Prosecutor princess (2010) အလှအပကို စိတ်ဝင်စားတဲ့ မာဟယ်ရီဟာ အဖေ့ရဲ့ ဖိအားပေးမှုကြောင့် ရှေ့နေအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ရပါတယ်။ အလှအပကို စိတ်ဝင်စားတဲ့လူ ဖြစ်တဲ့အလျှောက် ရှေ့နေလုပ်ရာမှာလည်း အချိုးမပြေခဲ့ဘူးပေါ့။တစ်ရုံးလုံးက အမြင်ကတ်ပြီး အလုပ်တွဲမလုပ်ချင်ကြတဲ့ မာဟယ်ရီကို တစ်ဖတ်သတ်ကြိုက်နေတဲ့ ကောင်လေးလည်း ရှိပါသေးတယ်။ သူဟာ အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ လိုအပ်တာတွေကို ကူညီပေးရင် မာဟယ်ရီနားမှာ ဝဲဝဲလည်နေတာပေါ့။မာဟယ်ရီကတော့ ဒါကိုမသိခဲ့ဘဲ သူတို့ရုံးခန်းက ရှေ့နေကိုသာ စိတ်ဝင်စားနေပါတယ်။ တစ်ဖက်သတ်ကြိုက်နေတဲ့ကောင်လေးကရော မာဟယ်ရီကိုဘာကြောင့် ချဥ်းကပ်ခဲ့တာလဲ…. မာဟယ်ရီရဲ့ အလှအပစိတ်ဝင်စားမှုကြောင့် ရှေ့နေရော သေချာဖြစ်ပါ့မလား… ဘယ်လို အလွဲတွေကို ဖန်တီးဦးမလဲဆိုတာကို.. ပြီးတော့ မင်းသမီးကတခြားမဟုတ်ဘူးနော် ရှင်တို့ရဲ့ အချစ်တော် ချောင်းချောင်းပါ သူ့ရဲ့မတူတဲ့ဇာတ်ရုပ်တစ်မျိုးကို မြင်တွေ့ရမှာဖြစ်လို့ Kyimal.tv ပရိတ်သတ်တွေ သဘောကျမယ်လို့ မျှော်လင့်ပါတယ် Reviewed & Translated by May Yu

Prosecutor Princess (2010)
The Road: The Tragedy of One (2021)
IMDb: 9 Genre: Drama, Mystery

The Road: The Tragedy of One (2021) တောင်ကိုရီးယားနိုင်ငံရဲ့ အာဏာရှိပြီး ငွေကြေးချမ်းသာတဲ့ လူတန်းစားတွေထဲကမှ 1% သောလူတွေပဲ နေနိုင်ကြတဲ့ Royal The Hill အဲ့ဒီမှာ နေထိုင်ကြတဲ့ ဒိတ်ဒိတ်ကြဲတွေရဲ့ လျှို့ဝှက်ချက်တွေ အတောမသတ်နိုင်တဲ့ လောဘတွေနဲ့ ပြစ်မှုတွေ တစ်ခုပြီးတစ်ခု ကျူးလွန်းနေကြတဲ့ အကြောင်းတွေကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ နာမည်ကျော်ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Ji Jin Hee, Yoon Se Ahနဲ့ Kim Hye Eunတို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ နာမည်ကြီးရုပ်သံလိုင်းတစ်ခုက သတင်းတင်ဆက်သူတစ်‌ယောက် ဖြစ်တဲ့ ဘတ်ဆိုဟွန်းဟာ ပရိသတ်တွေရဲ့ ယုံကြည်လေးစားမှုကို အပြည့်အဝရထားတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဘတ်ဆိုဟွန်းဟာ ယုံကြည်ချက်ပြင်းပြပြီး သူလိုချင်တာကို မရရအောင်ယူတတ်တဲ့ သူမျိုးလဲဖြစ်တယ်။ သူရဲ့ဇနီးဖြစ်သူကတော့ နာမည်ကြီး ဂျယ်ဂန်းလုပ်ငန်းစုရဲ့ သမီးဖြစ်သူ ဆောအွန်းဆို ဖြစ်ပြီး ပန်းချီအနုပညာရှင် တစ်ယောက်လည်း ဖြစ်တယ်။ သူမရဲ့ဖခင် ဆောဂီထယ်ဟာ ငွေကြေးချမ်းသာရုံမျှမကဘဲ နိုင်ငံရေး နယ်ပယ်မှာပါ ဩဇာအာဏာရှိတဲ့သူ တစ်ယောက်ဖြစ်တယ်။ မိသားစုကို ဦးစားပေးကာကွယ်ရင်း သူမဆီမှာ ဘယ်လို အန္တရာယ်တွေ/ကံဆိုးမိုးမှောင်ကျမှုတွေ ဖြစ်လာမလဲ? ချာဆောယောင်းကတော့ သတင်းတင်ဆက်သူတစ်ယောက်ဖြစ်ပြီး ဘတ်ဆိုဟွန်းရဲ့ ဂျူနီယာတစ်ယောက်လည်း ဖြစ်တယ်။ သူမဟာ အလှအပ၊ ငွေကြေးချမ်းသာမှု၊ အလုပ်အကိုင် အားလုံးပြည့်စုံနေပေမယ့်လဲ ရှိတာနဲ့မကျေနပ်နိုင်ဘဲ လိုချင်တပ်မက်မှုတွေများနေတဲ့ သူတစ်ယောက်ဖြစ်တယ်။ ဒီလိုမျိုး ရှုပ်ထွေးလှပြီး လောဘတွေ အတောမသတ်နိုင်ကြတဲ့ လူတန်းစားတစ်ရပ်ကြားက ပြဿနာတွေ လျှို့ဝှက်ချက်တွေ သရုပ်မှန်တွေကို တင်ဆက်ပြသသွားမယ့် The Road: The tragedy of one ဇာတ်ကားလေးကို ဆက်လက် စောင့်ကြည့်ပေးကြပါဦး… Reviewed & Translated by Teddy Kim

The Road: The Tragedy of One (2021)
Anastasia (1997)
IMDb: 7.6 Genre: Animation, Family

“Anastasia”( 1997) ဒီကားလေးကတော့ Disney ကာတွန်းကား မဟုတ်ဘဲ 20th century fox ရဲ့ 1997တုန်းက (Rating 7.2/ 10 )ရထားတဲ့ ရုရှား ကာတွန်းကား တစ်ကား ဖြစ်ပါတယ်။ ဆု၇ခု အတွက်ဆန်ခါတင်စာရင်း ဝင်ခဲ့ပါသေးတယ် ရုရှားဇာဘုရင် အုပ်ချုပ်နေခဲ့တဲ့ အချိန်တုန်းက သူတို့နိုင်ငံမှာ ကပ်ဆိုး ၀င်ရောက်ခဲ့လို့ တော်၀င် မိသားစုတွေ အသတ်ခံရတဲ့အချိန် မင်းသမီး Anastasia က အသက်ရှင်ဖို့ ရုန်းကန်ခဲ့ရတယ်။ နောက်ပိုင်းမှာ သူမရဲ့မရေရာတဲ့ အတိတ်၊ အမှတ်တရတွေနဲ့ အတူ သူမကို တကယ့် မင်းသမီးလေးအဖြစ် လိမ်လည်ပြီး ဆုငွေ ရယူလိုတဲ့ လူလိမ်နှစ်‌ယောက် နဲ့ ပဲရစ်ကို ခရီးဆက်ခဲ့တယ်။ မင်းသမီးလေးက သူ့မိသားစုနဲ့ ပြန်ဆုံတွေ့နိုင်မှာလား … ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ဆိုတာကို Kyimal.tv ကနေ ကြည့်လိုက်ရအောင်နော် Review and Translated by – G Khaw Ram

Anastasia (1997)
The Girl Who Sees Smells (2015)
720p IMDb: 6.5 Genre: Comedy, Sci-Fi & Fantasy

“The Girl Who Sees Scents” ထိန့်လန့်ဖွယ် လူသတ်မှုကနေ ထွက်ပြေး လွတ်မြောက်ခဲ့တဲ့ အိုချိုရင်း လူသတ်မှုကနေ လွတ်မြောက်ခဲ့ပေမဲ့ ကံကြမ္မာက အိုချိုရင်းကို ကားမတော်တဆမှု ဖြစ်စေခဲ့ပြီး ကိုမာဝင်စေခဲ့ပြီးကိုမာဝင်ရာကနေ ပြန်လည် သတိရလာခဲ့တဲ့အချိန်မှာ ထူးခြားတဲ့ စွမ်းရည်ရသွားခဲ့ပါတယ် ချွဲမူဂတ်…. သူကတော့ သူချစ်ရတဲ့ တစ်ဦးတည်းသောညီမလေး အသတ်ခံရပြီးနောက် မတော်တဆမှုတစ်ခုကနေမှာ ဘယ်အရာကိုမှ မခံစားနိုင်တော့ဘဲ ညီမကို သတ်တဲ့ တရားခံကို ဖမ်းဖို့ ရဲတစ်ယောက်ဖြစ်လာခဲ့တယ် … အဲ့လိုမျိုး ထူးခြားတဲ့ စွမ်းရည် ဝမ်းနည်းကြောက်ရွှံ့ဖွယ် အဖြစ်ကို ကျော်ဖြတ်လာကြတဲ့ လူနှစ်ယောက်က အတူပူပေါင်းပြီး တရားခံကို ဖမ်းဆီးဖို့လုပ်ရင် အမှုကိစ္စတွေကို ဘယ်လိုမျိုး စိတ်ဝင်စားဖွယ် ဖြေရှင်းမလဲ တွေ့ရမှာမို့ kyimal.tvကနေ ကြည့်လိုက်ရအောင်နော် Reviewed by Ei Phyu Ohm

The Girl Who Sees Smells (2015)
Meeting You (2020)
Genre: Comedy, Drama, romantic

“Meeting You” ထက်မြက်တဲ့ နန်ရှီးဟာ အရာအားလုံးပြီးပြည့်စုံတယ်ထင်ရပေမယ့် မွေးရာပါလူမှုဆက်ဆံရေးကြောက်တဲ့ရောဂါရှိနေတဲ့ သူတစ်ယောက်ပါသူငယ်ချင်းလိုချင်ပေမယ့် သူ့အတွက်အရမ်းခက်ခဲခဲ့ပါတယ်.. ရှရွေ့ကတော့ အပေါင်းအသင်းများပြီး တက်ကြွဖျတ်လတ်တဲ့ ကျောင်းသူဖြစ်နေခဲ့ပြီးသူတို့၂ယောက်ရဲ့ ကမ္ဘာကြီးက လုံးဝကွာခြားခဲ့ပေမယ့် တစ်နေ့မှာ နန်ရှီးက ရှရွေ့တို့ အထက်တန်းကျောင်းကို ပြောင်းလာခဲ့ပြီး သူမူကြိုဘဝက ခင်ခဲ့ရတဲ့ ကောင်မလေးက ရှရွေ့ဖြစ်နေတယ်ဆိုတာသိလိုက်ရတဲ့အခါ ရှရွေ့က သူငယ်ချင်းကောင်းနန်ရှီးကို ကာကွယ်ပေးပြီး သူတို့အခက်ခဲတွေကို ဘယ်လိုဖြတ်ကျော်ကြမလဲ နောက်တော့ သူငယ်ချင်းဘဝကနေ တဖြည်းဖြည်းအပြန်အလှန် စိတ်ဝင်စားလာကြပြီး ဘယ်လိုဆက်ဖြစ်မလဲဆိုတာ Meeting You ဆိုတဲ့ Drama လေးကို kyimal.tv ကနေစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော် Reviewed by Katsumi

Meeting You (2020)
You Are My Spring (2021)
IMDb: 7.7 Genre: Drama

အခုချိန်မှာကြည့်သင့်တဲ့ ဇာတ်လမ်းအေးအေးလေးနဲ့ စိတ်ကိုကုစားပေးမယ့် ဇာတ်ကားလေးတစ်ကား “You are my spring “🍁🍁 you are my spring ဆိုတဲ့အတိုင်း ဘယ်သူက ဘယ်သူ့အတွက် နွေဦးလေးဖြစ်ပေးမှာလဲ??🍁🍁🍁 ဒါမှမဟုတ် နှစ်ယောက်လုံးအတွက် တစ်ယောက်နဲ့တစ်ယောက်က နွေဦးလေးတွေဖြစ်နေကြမလား🍁🍁🍁 🍂ငယ်ငယ်က ရခဲ့တဲ့စိတ်ဒါဏ်ရာကြောင့် မကောင်းတဲ့ယောကျာ်းလေးတွေနဲ့ပဲ တွဲမိနေပြီး နောက်ထပ် ရည်းစားထားရမှာကိုကြောက်နေမိသူ ကိုယ့်ကိုကိုယ် ဘဝအသစ်ပြန်စနေပြီလို့ တွေးနေပေမယ့် တကယ့်တမ်းတော့ အတိတ်ထဲမှာပိတ်မိနေတဲ့ ဟိုတယ်မန်နေဂျာမလေး ဂန်ဒါဂျောင်း 🍂တခြားသူတွေရဲ့ စိတ်ရောဂါကို ကုသပေးနေပေမယ့် ကိုယ့်ရဲ့စိတ်ဒဏ်ရာကိုတော့ ဘယ်လိုကုရမလဲမသိတဲ့ စိတ်ရောဂါကုဆရာဝန်လေး ဂျူယောင်းဒို 🍂ဂန်ဒါဂျောင်းကို မြင်မြင်ချင်းကြိုက်ပြီး နောက်ကတ‌‌ကောက်ကောက်လိုက်နေတဲ့ ကုမ္ပဏီတစ်ခုရဲ့ CEO လေးချယ်ဂျွန်(သူကတော့ လျို့ဝှက်ချက်တွေများတဲ့ဇာတ်ကောင်လေးပါ) 🍂ငယ်ငယ်ကတည်း စိတ်ဒဏ်ရာကိုယ်စီရှိကြတဲ့ သူတို့လေးတွေကြားမှာ ထိတ်လန့်စရာကောင်းတဲ့ လူသတ်မှုက ပါဝင်ပတ်သတ်လာသောအခါဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကတော့ kyimal.tv ကနေစောင့်ကြည့်ပေးကြပါဦးနော်……. Reviewed by Wai Hnin Oo

You Are My Spring (2021)
Panda and Hedgehog (2012)
IMDb: 6.2 Genre: Comedy

ဒီတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ အချစ်ဟာသ ဇာတ်ကားလေး “Miss.Panda and Mr.Hedgehog” ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် 🍰 မိဘတွေ အမွေအနှစ် အဖြစ်ထားခဲ့တဲ့ ကိတ်မုန့်ဆိုင်လေးကို ဆက်ဦးစီးချင်ပေမယ့် ကိတ်နဲ့ ပတ်သတ်ပြီး ဘာမှ မသိလို့ အကြွေးနွံနစ်နေ‌တဲ့ ပန်ဒါယန်း 🍰 ကိတ်မုန့်ဖုတ်တာနဲ့ပတ်သတ်ပြီး အရည်အချင်းရှိပေမယ့် အတိတ်က အရိပ်မဲကြောင့် ဘယ်ဆိုင်မှ လက်မခံချင်တဲ့ ဒေါသအိုးလေးဂိုဆွန်းဂျီ 🍰 ငယ်ငယ်ကတည်းက တစ်ဖက်သတ်ကြိုက်ခဲ့ရတဲ့ ကောင်မလေးကို ရှာရင်း အဖေအမွေပေးထားတဲ့ နာမည်ကြီး ကိတ်ဆိုင်ကို ဦးစီးမယ့် သူဌေးသားလေး ချွဲဝမ်အီး 🍰သူတို့သုံးယောက်ရဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းကို အချစ်ဟာသအနေနဲ့ မြင်တွေ့ရမှာဖြစ်ပြီး သူတို့သုံးယောက်ရဲ့ အတိတ်ကရော ဘယ်လိုမျိုးတွေ ဆက်စပ်ပတ်သက်နေကြမလဲဆိုတာ kyimal.tv ကနေ စိတ်ဝင်စားစွာ ကြည့်ရှုရမှာဖြစ်ပါတယ် Reviewed by Wai Hnin Oo

Panda and Hedgehog (2012)
Color of Woman (2011)
Genre: Comedy

“Color of woman” ​ဗြောင်ဆိုရာက​တော့ အရမ်းကို ဥာဏ်​ကောင်းပြီး ထက်မြက်တဲ့မိန်းက​လေးတစ်​ယောက်ပါ။သူ့မှာ မရှိတဲ့ တစ်ခုတည်း​သော အရည်အချင်းက​တော့ လှလှပပမ​နေတတ်တာပဲ ဖြစ်ပါတယ် ဝမ်ဂျင်းဂျူက​တော့ ဆိုရာ့သူငယ်ချင်းပါ ဆိုရာနဲ့ လူတစ်​ယောက်တည်းကို ကြိုက်မိတဲ့သူဆိုလည်း ဟုတ်ပါတယ်။သစ္စာမရှိ ပ​လောင်းပလဲ လုပ်တတ်တဲ့​ကောင်ကို ကြိုက်မိလို့ သူငယ်ချင်းဆက်ဆံ​ရေး ပျက်စီး​တော့မလို ဖြစ်သွားပါတယ်။ ဆိုရာ့အလုပ်ကပါ ထပ်ထုတ်ခံလိုက်ရပါ​သေးတယ် ဒီလိုနဲ့ အလုပ်သစ်တစ်ခုကို လိုပ်ရှာပြီး အပြိုင်အဆိုင်​တွေများတဲ့ နယ်ပယ်ထဲမှာ ဆိုရာတစ်​ယောက် ရှင်သန်နိုင်ပါ့မလား ဒီစိတ်ညစ်စရာ​လောကကြီးက​နေ ပြန်လည် အား​မွေးပြီး ရှင်သန်နိုင်ပါ့မလား ဂျင်းဂျူနဲ့​ရော ပြန်လည် သင့်မြတ်နိုင်မလား။တကယ့်ကို ကြည့်လို့​ကောင်းတဲ့ ဇာတ်ကား​လေး ဖြစ်တဲ့အတွက် kyimal.tvကနေ ကြည့်ရှုကြည့်ကြပါဦးနော် Reviewed by May Yu

Color of Woman (2011)
Pasta (2010)
IMDb: 8.5 Genre: Comedy

Pasta ” ဒီကား​လေးကတော့​ စား​သောက်ဆိုင်ထဲက အချစ်ဇာတ်လမ်း​လေး ဖြစ်ပါတယ်။ဆောယူဂျောင်းဟာ အီတလီ စား​သောက်ဆိုင်မှာ အကူတစ်​ယောက်ဖြစ်ပါတယ်။၃နှစ်လုံးလုံး ကြိုးစားပန်းစားလုပ်ခဲ့ပြီး ​နောက်ဆုံးမှာ​တော့ ပထမဆုံး စား​သောက်ဆိုင်ထဲမှာ ချက်ပြုတ်ခွင့်ရမယ့်​နေ့ကို ​ရောက်ရှိလို့ လာပါတယ်။ အဲ့​နေ့မှာပဲ ​ခေါင်း​ဆောင် စားဖိုမှူးက အသစ်တစ်​ယောက် ​ပြောင်းလဲသွားပါတယ်။ ချွဲဟျွန်းအူဟာ အလွန်တည်ငြိမ်ပြီး ​ကြောက်ဖို့​ကောင်းတဲ့ လူစားဖြစ်ပါတယ်။ ​ ယူ​ဂျောင်းတို့ သူငယ်ချင်း​ကောင်မ​လေး​တွေ အမှားလုပ်မိပြီး ဆိုင်က မိန်းက​လေး​တွေအားလုံးကို ဟျွန်းအူက ဖြုတ်ပစ်လိုက်ပါတယ် အဲ့ချိန်မှာ အခုမှ ​လော​လောလတ်လတ် ချတ်ပြုတ်ရတဲ့ ယူ​ဂျောင်း သံသယ​တွေ ​ပေါက်ဖွားလာပါ​​တော့တယ်။ဟျွန်းအူက ဘာလို့ မိန်းက​လေး​တွေကိုပဲ ​ရွေးဖြုတ်ရတာလဲ… သူ့မှာ​ရော ဘယ်လိုကိစ္စ​တွေ ရှိ​နေတာလဲ။ ယူ​ဂျောင်းက​ရော စား​သောက်ဆိုင်မှာ စားဖိုမှူး ပြန်လည် လုပ်နိုင်ပါ့မလား။ အခုလို ရင်ခုန်စွာနဲ့ ​​စောင့်ကြည့်ရမယ့် အချစ်ဇာတ်လမ်း​လေး ဖြစ်တာမို့ kyimal.tv ကနေ ကြည့်ကြည့်ကြပါလို့ ​ပြောချင်ပါတယ် Reviewed by May Yu

Pasta (2010)

KyiMal TV - Myanmar Subtitle Movies and TV Series Films

Just a faster and better place for watching online movies for free!

Latest Episodes

View More